Monday, August 20, 2012

System Configuration (msconfig)/Boot/Advance

System Configuration (msconfig)/Boot/Advance Boot Option/ Number of Processor မှာ ၀င် ရောက်ပြင်ဆင်တဲ့အခါကျရင် 1, 2, 3, 4 စသည်အားဖြင့် တွေ့လျှင် ဘာတွေလဲဆိုတာ မခွဲခြားနိုင်ပဲဖြစ်တတ် တယ်။ ကျနော်အဲဒါကို နားလည်စေချင်လို့ ဒီပို့စ်ရေးလိုက်တာပါ။ အမှန်ကအဲဒီနံပါတ်တွေဟာ (Processor CPU) လေးလုံး physical တစ်ခုတည်းမှာ တပ်ဆင်ထားတာကိုဆိုလိုတာမဟုတ်ပါ။ အဲဒီနံပါတ်တွေကို CPU တစ်ခုလုံး တည်းအပေါ်မှာပါဝင်တဲ့ Processor core နံပါတ်ကိုဖေါ်ပြပေးတာဖြစ်တယ်။ Processor core အကြောင်းကို လေ့လာမယ်ဆိုလျှင် Processor CPU Version နဲ့ သူ့မှာပါဝင်တဲ့ core နံပါတ်တွေတွေ့ရမှာဖြစ်တယ်…

(၁) Dual-Core processor (CPU) တွင် = 1, 2 ဆိုပြီး core နံပါတ်နှစ်ခုရှိတယ်။ CPU အမျိုးအစားအားဖြင့်.. (၁) AMD Phenom II X2 (2) Intel Core Duo

(ဆိုလိုတာက AMD Phenom II X2 ဆိုတဲ့ Dual-Core Processor မျိုးဟာ core 1, 2 ဆိုပြီးနှစ်ခုပါဝင်တဲ့သ ဘောပါပဲ။ အလားတူ Intel Core Duo ဆိုတဲ့ Dual-Core Processor မျိုးသည်လည်း core 1, 2 နံပါတ်နှစ်ပါ ၀င်တယ်) ။

(၂) Quad-Core Processor (CPU) တွင် = 1, 2, 3, 4 ဆိုပြီး coreနံပါတ် ၄ ခုထိရှိလာပါတယ်။ CPU အမျိုးအ စားအားဖြင့် (1) AMD Phenom II X4 (2) i3, i5, i7 အကျုံးဝင်တဲ့ Intel 2010 core အမျိုးအစား တို့ဖြစ်ပါတယ်။

(၃) Hexa-core processor (CPU) တွင် = 1, 2, 3, 4, 5, 6 ဆိုပြီး core နံပါတ် ၆ ခုထိရှိလာတယ်။ CPU အမျိုးအစားအားဖြင့် (၁) AMD Phenom II X6 (2) Intel Core i7 Extreme Editon 980X

(၄) Octa-Core Processor (CPU) တွင် = 1, 2, 3, 4, 5, 6, 7, 8 ဆိုပြီး core ၈ ခုထိထပ်ပြီးတိုးလာတယ်။ CPU အမျိုးအစားအားဖြင့် AMD FX-8150 တစ်မျိုးတည်းသာရှိသေးတယ်။

အထက်ပါအချက်အလက်တွေဟာ Processor (CPU) အမျိုးအစားအသီးသီးမှာ ပါဝင်တဲ့ core အရည်အတွက်ပဲ ဖြစ်တယ်။ အဲဒါတွေကိုနားလည်ထားပြီးဆိုလျှင် တစ်ဆက်တည်းဒီနေရာမှာနောက်ထပ်တစ်မျိုးပြောကြမယ်။ တစ်ရက်က သူငယ်ချင်းတစ်ယောက်ကမေးလာ
တဲ့ pc problem တစ်ခုပါ။ အဲဒီပြဿနာက…
Booting Running in safe mdoe - ဆိုတာပါပဲ။ သူပြောတာကို သူ့စက်မှာ ပရော်ဆက်စာ ၄ လုံးလို့သုံးလိုက် တော့ ကျနော်အတော်ခေါင်းရှုပ်သွားတယ်။ တကယ်တော့ အတိအကျပြောပါဆိုလျှင် core processor နံပါတ်လို့ ပြောရပါလိမ့်မယ်။ အခုတော့ ရိပ်ဖမ်းသံဖမ်းမိပြီးလို့ထင်ပါတယ်။

Booting Running in safe mdoe-ပြဿနာကိုဆက်ပြောကြရအောင်…အဲဒီပြဿနာဟာ System Configurati on (msconfig) မှာ Normal Startup ကို Uncheck လုပ်မိတာဖြစ်နိုင်တယ်။

Normal Startup ဖြင့် Boot တက်မည်…

အောက်ပါအတိုင်းလုပ်ဆေင်ပါ…
Start Menu က search ဘောက်စ်တွင် msconfig ဒါမှမဟုတ် Window + R ဖြင့် Run ဘောက်စ်တွင် msconfig လို့ရိုက်ထည့်၊ Enter ခေါက်ပါ။


System configuration ဘောက်စ်ပေါ်လာမည်။


Booting Running in safe mdoe ကနေ Normal boot ပြန်ဖြစ်ချင်လျှင် အဲဒီ Normal Startup ကို check ပြန်လုပ်ပြီး Apply> OK

Booting Running in safe mdoe- (safe mode ကနေ boot တက်ချင်ရင်)
System configuration ဘောက်စ်ရဲ့ Menu တွင် Boot ကိုနှိပ်။ အောက်ပါဘောက်စ်ပေါ်လာမည်။


ဒီဘောက်စ်တွင် Window 7 boot တစ်ခုတည်းရှိတာကိုတွေ့ရမည်။ အကယ်၍ boot နှစ်မျိုးတင်ထားလျှင် နှစ်မျိုးတွေ့ရမှာပေါ့။ ဥပမာ..Window 7 and Linux ဒါမှမဟုတ် Window XP
and Win 7 စသည်။ မိမိက Default boot ဘယ် OS ထားချင်လည်း ဒီမှာရွေးလိုက်ရုံပါပဲ။ ဒါကတစ်ပိုင်း။

အခုက safe mode ကနေ boot တက်ချင်ရင်ဘောက်စ်အောက်မှာပါတဲ့…

Safe boot ကို check လုပ်ပါ။ ပြီးတော့ ညာဖက်က Make all boot settings permanent အကွက်ကိုလည်း check လုပ်ပြီး apply > OK

Boot up Time (Boot တက်ချိန်မြန်အောင်လုပ်မည်)
ဒီတစ်မျိုးက မိမိစက်မှာ Boot တက်ချိန်မြန်အောင်လုပ်နည်းလေးပါ။ ဒီအဆင့်ကိုပါဆက်ရေးရတယ်ဆိုတာ အပေါ် က Multi core processor ဆိုတဲ့အချက်တွေဟာ ဒါနဲ့သက်ဆိုင်နေလို့ပါ။ ဒါကြောင့်ပိုပြီးနားလည်အောင်ဆိုပြီး ဒီ အဆင့်ကိုပါတွဲရေးလိုက်တယ်။

အပေါ်ကအတိုင်း system configuration ကိုဖွင့်မယ်။ ၎င်း menu တွင် boot ကိုဆက်နှိပ်မယ်။ ပြီးတော့ Advance Boot option ကိုပါထပ်နှိပ်ပါ။


ထိုနောက် Number of Processor ရဲ့ လေးထောင့်ကွက်ကို အမှန်ခြစ်လိုက်ပါ။ အမြင့်ဆုံးနံပါတ်ကိုရွေးလိုက်ပါ။ ကျနော်အပေါ်မှာတင်ပြခဲ့တဲ့ CPU အမျိုးအစားလိုက် သူတို့ရှိရမည့် core နံပါတ်လေးတွေသဘောပေါက်လောက် မယ်ထင်တယ်။ လက်ရှိမှာ (၂) အမျိးအစားဖြစ်တဲ့ i3, i5, i7 အကျုံးဝင်တဲ့ Intel and AMD Phenom II X4 တို့ ပဲဖြစ်ပါတယ်။ သူတို့မှာ core နံပါတ် ၄ အထိရှိတယ်ပေါ့ဗျာ။ ကဲ..ဒါဆို မြန်ချင်တယ်ဆိုတော့ နံပါတ် ၄ ကိုရွေး လိုက်တယ်။

(မိမိစက် Default နံပါတ်ကိုတော့မှတ်ထားပါ။ မိမိချိန်းလိုက်တဲ့ နံပါတ်ကို boot တက်လာလို့ တစ်ခုခုအဆင်
မပြေခဲ့သော် မူလနံပါတ်ကိုပြန်ရွေးဖို့လိုလိမ့်မယ်)


ပြီးတော့ Make all boot settings permanent ကို check လုပ်တယ်။ Apply > OK


Confirmation box ပေါ်လာရင် yes ကိုနှိပ်


နောက်ဘောက်စ်မှာလည်း Don’t show this message again ကိုအမှန်ခြစ်ပြီး Restart ကိုသာနှိပ်လိုက်ပါ။


စောလင်းနက်စ် ဘလော့မှ ကူးယူထား.........

No comments: