Monday, August 20, 2012

External HD မှာ Folder များ Shout cut ဖြစ်သွားတာကို ဘယ်လိုဖြေရှင်းမလဲ

။ ဖြေရှင်းနည်းကတော့ အချက် (၃) ချက်နဲ့ ဖြေရှင်းကြည့်ရအောင်…

ပထမချက်… Autorun Exterminator နဲ့ ဖြေရှင်းနည်း

၁။ Autorun Exterminator ကို ဒီမှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။

၂။ ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။
မှတ်ချက်= မိမိ External hard Disk ကို ကွန်ပျူတာမှာ အရင်တပ်ထားရပါ။ Double click ဖွင့်ပြီးတာနဲ့
Open Log ကို click ပေးပါ။ ဒါဆို Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

ဒုတိယအချက်….cmd.exe နဲ့ရှင်းမယ်

၁။ Start > Run or Window + R >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
၂။ အောက်ကအတိုင်း command ကို ရိုက်ပြီး Enter ခေါက်ပါ။
မှတ်ချက် = j သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ရဲ့ HD Drive ကို
ပြောင်းလဲ ထည့်ပါ။

attrib -h -r -s /s /d j:\*.*

တတိယ်အချက်…Malwarebyte Anti’Malware ဆော့ဝဲနဲ့ scan စစ်မယ်

၁။ အောက်က ဒီဆိုက်မှာ Download ချပါ။
၂။ ဒေါင်းလုဒ်ပြီးတော့ update လုပ်ပါ>> ပြီးတော့ Perform “ Full Scan “ လုပ်ပါ။

No comments: