Sunday, September 9, 2012

Windows 7 မှာ Windows တင်ပြီးမှ Partition ခွဲနည်း (Without any software)

ကျနော်တို့ ကွန်ပျူတာ တွေမှာ hard disk ကို ပါတစ်၇ှင်း ကို အမျိုးမျိုးအသုံးပြုတတ်ကြပါတယ် နှစ်ခု သုံးခု စသည်ဖြင့်ပေါ့ ၊ ပါတစ်၇ှင်း များရင်များသလို မိမိ စိတ်ကြိုက် ကွန်ပျူတာထဲတွင် ဖိုင်တွေကို အစီအစဉ်တကျ သေသတ်စွာ ထားနိုင်ပါတယ် ။ထိုသို့ ပါတစ်၇ှင်းခွဲခြားရာ တွင် များသောအားဖြင့် ၀င်းဒိုး စ တင်ရာမှာ သာခွဲတတ်လေ့ ရှိကြပြီး ၀င်းဒိုးတင်ပြီးချိန်မှာ ပါတစ်၇ှင်းခွဲဖို့ မေ့ သွားတာတို့ ဖြစ်တတ်၍ အခက်ကြုံကြသူတွေ တွေ့ ဖူးပါသည် ။ များသောအားဖြင့် ၀င်းဒိုးတင်ပြီးမှာ ပါတစ်ရှင်းခွဲလျင် ပါတစ်ရှင်းခွဲတဲ့ ဆော့ဝဲတွေကိုသုံး၍သာ ခွဲတတ်ကြသူများအဖို့  ၎င်းဆော့ဝဲ မိမိစက်ထဲတွင် မရှိလျင် အခက်ကြုံနိုင်ပြန်ပါတယ်။ထို့ ကြောင့် မည်သည့်ဆော့ဝဲမှ မလို ပဲ ပါတစ်ရှင်းခွဲကြည့်ကြရအောင်။ Desktop ပေါ်က My Computer ကို Right Click ထောက်ပြီး Manage ကို ကလစ်ပေးပါ
ပေါ်လာသော Box တွင် Disk Management ကို ရွေးပါ ၊ညာဘက်ခြမ်းအောက်နားတွင် မိမိ စက်အတွင်းရှိ ပါတစ်ရှင်းများကို တွေ့ ရပါမည် အောက်ပုံ တွင်အနီဝိုင်းပြထားပါသည်
ထို့ နောက် မိမိခွဲချင်သော ပါတစ်ရှင်း ပေါ်တွင် Right Click ထောက်၍ Shrink Volume... ကိုကလစ်ပေးပါ ပေးပြီးလျင် Shrink Box ပေါ်လာပါမည် ။Enter the amount of space to shrink in MB ဆိုသည် အကွက်တွင် မိမိ အသစ်ထပ်လို ချင်သော ပါတစ်ရှင်း Size အ၇ွယ်အစား ကို MB ဖြင့်တွက် ၍ေ၇ွးပါ (1GB = 1024 MB)
ေ၇ွးပြီးလျင် အောက်မှ Shrink ကို ကလစ်ပေးပါ ပြီးလျင်တော့ မိမိခွဲလိုက်သော ပါတစ်၇ှင်းအသစ် ကို တွေ့ ၇မည်ဖြစ်ပါသည် ။ထို အမည်မသိ ပါတစ်၇ှင်းပေါ်သို့ Right click ဖြင့် New Simple Volume...ကို သွားပါ ထို့ နောက် ဘောက်စ် တစ်ခု တက်လာမည် Next ပေးပါ New Simple Volume Wirzard Box တွင် Assign the following drive lerrer တွင် မိမိ ထားချင်သောဖိုင် ဥပမာ -Local Disk သည် စီ အခြားပါတစ်ရှင်း D/ E/H/I / J / K စသည်ဖြင့်မိမိစက်အတွင်းပါတစ်၇ှင်း မရှိသေးသော အမည်ကို ရွေးပါ ထို့ နောက် Next ပေးပါ File system: အမျိုးအစားေ၇ွး၇ာတွင် ( NTFS) ကိုေ၇ွးပါ Volume label: တွင် မိမိ ပေးလို သော ပါတစ်ရှင်းအမည် ဥပမာ - Music / movies စသည်ဖြင့်မိမိနှစ်သက်ရာပေးနိုင်ပါသည်
Next > Finish ပေးပါ Computer Management Box ကိုပိတ်လို့ ရပါပြီ ထို့ နောက် My Computer ဖွင့်ကြည့်လျင် မိမိ ခွဲထားသော ပါတစ်ရှင်းမိမိ ပေးထားသော Name ဖြင့်တွေ့ ရပါမည် (မှတ်ချက် ။ ပါတစ်ရှင်းမခွဲခင် မိမိ ခွဲချင်သောပါတစ်ရှင်းအတွင်းရှိဖိုင် ဆော့ဝဲ များကို တခြားပါတစ်ရှင်းထဲ သို့  (သို့ ) ဖလက်တိုက် ထဲ ခေတ္တသို့ ပြောင်းရွေ့ ထာသင့်ပါသည် )

မိမိစက်က နေ Data များ ကူးယူခြင်းမှ ကာကွယ်ရန်

မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။:P ၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။ ၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။ ၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။ ၄။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။ ၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။ ၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ.. တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ

Partition ကို lock ဖြင့် Passwords ခံ

ကွန်ပျူတာလုံခြုံမှု့ အတွက် ဖိုင်တွေ ၀င်းဒိုး တွေ စသဖြင့် ကို အမျိုးမျိုးပတ်စဝေါ့ခံအသုံးပြုနေကြပါတယ် ဒါကြောင့် ကျနော်ခုတင်ပြမယ့်ပို့ စ်လေးကတော့ ဖိုင်တွေ အများကြီးကို (သို့ ) မိမိ စိတ်ကြိုက်ဖိုင်တွေပဲထားတဲ့ သီးသန့် Partition ကိုပတ်စဝေါ့နဲ့ ထားပါမယ် ။မိမိ ဖွင့်ချင်တဲ့အချိန်မှ ပတ်စဝေါ့၇ိုက်ပီးဖွင့် ဖို့ ပေါ့ ။ပြုလုပ်နည်းလေးက ဒီလိုပါ... အ၇င်ဆုံး Windows ကနေ Bitlocker ဆိုတာကို ရိုက်လိုက်ပါ ပုံပြထားပါတယ် (သို့ ) Control Panel ကနေ System & Security / Bitlocker Drive ဆိုတာကို သွားပါ
ဖော်ပြပါပုံအတိုင်းတွေ့ ၇ပါမည် ထိုအခါ မိမိပေးချင်သော Partition မှ Turn on bitlocker ဆိုတာကို ကလစ်ပေးပါ Use a password to ulock the drive ဆိုတဲ့ နေ၇ာမှာ အမှန်ခြစ်ဖြည့်ပေးပါ Type your password: မှာမိမိပေးချင်တဲ့ပတ်စဝေါ့ကို ပေးပါ အောက်က တစ်ကွက်မှာလည်း အထက်ကပေးခဲ့တဲ့ အတိုင်းပတ်စဝေါ့ တူ ထပ်ပေးပါ ပေးပီးလျင်တော့ အောက်မှ Next ကိုထပ်သွားပါ ပြီးလျင် မိမိ Partition အတွက် Recovery file ကို တခြား နေရာတွင် Save လုပ်လိုက်ပါ လိုအပ်လျင်သုံး၇အောင်ပေါ့ Next ထပ်ပေးပါ
ပြိးလျင် Start Encrypting ကိုကလစ် ပေးလိုက်ပါ
ဆက်လက် လုပ်ဆောင်နေပါလိမ့်မည် ။ ခဏစောင့်ပါ ပြီးလျင်တော့ မိမိ လုပ်ထားတဲ့ Partition မှာ lock ခံထားတာ ကို တွေ ရှိ၇မည်ဖြစ်ပါတယ် စတင်အသုံးပြုလို လျင် စက်ကို Restart ပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါမည်။

Registry Editor ကိုပိတ်ထားမယ်

Registry Editor ဆိုတာကွန်ပျူတာရဲ့ လုပ်ဆောင်မှု့ တွေအားလုံးကို ပြုပြင်နိုင်တဲ့ နေရာတစ်ခုပါ မိမိကွန်ပျူတာအတွင်း ၀င်ရောက်သုံးစွဲသူ က မိမိ စက်ကို မွှေနှောက်
ရှုပ်၇ှက်ခပ်သွားအောင် လုပ်ခဲ့ လို့ ၇ပါတယ် လက်ကလိတဲ့ သူတွေ အတွက်လည်းဒါက ကလိလို့ ကောင်းလွန်းလို့ မိမိစက်ကို သူများက မကလိနိုင်အောင် Registry Editor
ကိုပိတ်ထားကြမယ်ဗျာ ...ဒီလိုပါ။ ..Window+R နှိတ်၍ Run Box ကိုခေါ်ပြီး
gpedit.msc ကိုရိုက်ထည့်လိုက်ပါ... Box တစ်ခုတက်လာပါလိမ့်မယ် အဲဒီ Box မှ
User Configuration ဆိုတာ Box ၇ဲ့ ဘယ်ဘက် ခြမ်းမှာရှာကြည့်လိုက်ပါ တွေ့ ချင် ကလစ်ပေး
အောက်မှာ Administrative Templates ဆိုတာကို ရှာ၍ ထပ်ပီးကလစ်ပေးပါ ထိုမှ တဆင့် System ကို ကလစ်ပေးလိုက်ပါ
ညာဘက်ခြမ်းအောက်နေားမှာ Prevent access to registry editing tools ကို Double click ပေးပြီးဝင်လိုက်ပါ Box တစ်ခုထပ်တက်လာပါလိမ့်မယ် Box ၇ဲ့ ဘယ်ဘက် အပေါ်ဒေါင့်နားမှာ Enable ဆိုတာလေးကို ကလစ်ပေးပီးအစက်ဖြည့်လိုက်ပါ ပြီးလျင် အကုန် ပိတ်လိုက်ပါ အားလုံး အဆင်ပြေ သွားပါပီ(မှတ်ချက် ။ Prevent access to registry editing tools ဆိုတာကို ကလစ်ပေး၇ာတွင် editing tools နှင့် command prompt ဆိုတာ ရှိပါတယ် မျက်စိတ်မှားတတ်လို့ ပါ editing Tools ပါ

မိမိကွန်ပျူတာလေးနေလျှင်

 
၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။

ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့

၁) gttask
၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ

၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်

၁) Start မှ Run ကို ရွေးပါ။
၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။

လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃) Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။

၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။ ၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။

၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။

၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။

Thursday, September 6, 2012

Samsung ဖုန်းတွေမှာ မြန်မာစာ Font နှင့် မြန်မာစာ Keyboard သွင်းခြင်း (for not ICS version)


Andriod ဖုန်းတော်တော်များများကို မြန်မာ fonts နဲ့ keyboard တွေသွင်းလို့ရပါပြီ..၊
 မြန်မာ font နဲ့ keyboard သွင်းခြင်းအားဖြင့် ဖုန်းထဲကနေ website တွေကို မြန်မာစာနဲ့ မြင်နိုင်မှာဖြစ်ပြီး facebook၊ gtalk စတဲ့ phone application များကိုလည်း မြန်မာစာ ရိုက်နိုင်မှာဖြစ်ပါတယ်..
၊ 
အခုဖုန်းတွေထဲက မြန်မာ fonts ထည့်ရတာ အလွယ်ဆုံးဖြစ်တဲ့ samsung ဖုန်းအကြောင်း ပြောပြမှာ ဖြစ်ပါတယ်။
အရင်ဆုံး အောက်မှာပေးထားတဲ့ file ၂ ခု အရင်ဆုံး download ဆွဲပါ။
Zawgyi application >>> Click here
Frozen Keyboard >>> Click here
ဖိုင် နှစ်ခုလုံးကို Phone ထဲတွင် install လုပ်ပါ
Setting > Display > Font Style ထဲမှာ ZawgyiOne.ttf ကိုရွေးပေးပါ။
ဒါဆိုရင် မြန်မာfont သွင်းပြီးပါပြီ။ Myanmar keyboard ကို ဆက်သွင်းရပါအုံးမယ်။
Setting > Locale and text > input method ထဲက frozen keyboard ကိုရွေးပေးပါ။
ဒါဆိုရင် သင့်ရဲ့ samsung ဖုန်းမှာ မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ်ကို လွယ်ကူစွာ အသုံးပြုနိုင်သွားပြီပဲ ဖြစ်ပါတယ်။

Andriod ဖုန်းများကို computer မှ ထိန်းချုပ်နိုင်ရန်



ကိုယ့် Andriod ဖုန်းကို ကိုယ့် Computer PC ပေါ်ကနေ အပြည့်အ၀ ထိန်းချုပ်ပေးနိုင်မယ့် Wondershare MobileGo for Andriod လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

ဒီ software လေးအသုံးပြုဖို့အတွက် မိမိဖုန်းရဲ့ Driver ကို Computer ထဲ သွင်းထားဖို့တော့ လိုပါလိမ့်မယ်..
ဒီ Softwares လေးမှာ အပိုင်း ၆ ပိုင်းပါဝင်ပါတယ်… Musics, Videos, Photos, Contacts, SMS နဲ့ App တို့ဖြစ်ပါတယ်…၊ အပိုင်း ၁ ခုချင်းစီမှာ function မျိုးစုံပါဝင်ပြီး အသစ်ထည့်သွင်းတာနဲ့..၊ အဟောင်းတွေကို ပြန်ပြင်တာ..၊ ဖျက်သိမ်းတာတွေကို လုပ်ဆောင်နိုင်ပါတယ်..၊
ထူးခြားတာက ……
Musics, Videos… တွေကို Add လုပ်မယ်ဆိုပါက ၄င်း Wondershar MobileGo software လေးက ကိုယ့်ဖုန်းမှာ Play လို့ရမယ့် System လေးတွေကို auto ပြောင်းပေးသွားမှာဖြစ်ပါတယ်.ဥပမာ Musics ဆိုရင် mp3 format နဲ့ videos ဆိုရင် mp4 format တို့ကို auto ပြောင်းပေးပါလိမ့်ယ်….(ပြောင်းပြီးသား ဆိုရင်တော့ ဒီတိုင်းပဲ add ပေးပါတယ်..)
Contacts နဲ့ SMS တွေကိုလည်း computer ပေါ်မှာ ပြင်ဆင်နိုင်မှာဖြစ်ပြီး…. အထူးခြားဆုံးကတော့… App ဆိုတဲ့ အပိုင်းမှာ application file တွေဖြစ်တဲ့ (.apk) file add လိုက်တာနဲ့  ဖုန်းထဲမှာ တစ်ခါတည်း install လုပ်ပေးမှာ ဖြစ်တာကြောင့် ဖုန်းထဲမှာ သက်သက် ပြန်ပြီး install လုပ်စရာမလိုတော့ဘူးပေါ့…
စမ်းကြည့်ချင်ရင် အောက်က link မှာ ဒေါင်းလုပ် အရင်ဆွဲပါ…. ပြီးရင် Computer မှာ install လုပ်ပြီး ဖုန်းနဲ့ချိတ်ဆက်ပြီး control လုပ်လို့ရပါပြီ… ဖုန်းကို backup လုပ်တာ၊ Snapshot ရိုက်တာတို့ကိုလည်း ဆောင်ရွက်နိုင်ပါတယ်… … USB ကြိုးမပါပဲ WiFi နဲ့ ချိတ်ပြီးတော့လည်း ဖုန်းနဲ့ computer ကို ချိတ်ဆက် နည်းတွေကိုလည်း စမ်းသပ်နိုင်ပါတယ်…

ဖုန်းဖြင့်တွဲပြီး PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုခြင်း

 
ဖုန်းဖြင့် PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုလိုပါက အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်ပါတယ်...။ အခုပြောပြမယ့် အကြောင်းအရာ တွေကတော့ Andriod ဖုန်း version 2.0 နဲ့ အထက်တွေမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်..၊
အရင်ဆုံး setting ထဲက wireless and Network ကို ရွေးပေးပါ။


Tethering and Portable Hotspot ကို ရွေးပေးပါ။
Port. Wi-Fi hotspot settings ကို ရွေးပေးပါ...၊ မြှားထိုးတာ မှားနေပါသည်:)
Configure Wi-Fi hotspot ကို ဆက်ရွေးပေးပါ။
Network SSID - ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါသည်။
Security - WPA2 PSK ကိုရွေးပေးပါ။
Password ကို ကိုယ်ကြိုက်နှစ်သက်ရာ ရိုက်ထည့်ပါ။ ပြီးရင်တော့ Save button နှိပ်ပါ။
Back ခလုပ်တစ်ချက်နှိပ်ပြီး၊ Portable Wi-Fi hotspot ကို tick လုပ်ပေးပါ။
မိ laptop taskbar ရဲ့ ညာဘက်အောက်နားမှာရှိတဲ့ connetion ပြတဲ့ bar လေးကိုဖွင့်ကြည့်လိုက်ရင် သင်ပေးခဲ့တဲ့ နာမည်နဲ့ လိုင်းတက်နေတာကို အောက်ပါ အတိုင်းမြင်ရပါလိမ့်မယ်။
အဲဒီမှာ တစ်ချက်နှိပ်လိုက်ပါ။ password တောင်းပါလိမ့်မယ်။ မပူပါနဲ့..။ အရှေ့မှာ သင်ရိုက်ခဲ့တဲ့ password ကို ပြန်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် connect ဆိုတာ နှိပ်ပေးလိုက်ရင် သင့် laptop မှာ အင်တာနက် သုံးလို့ရပါပြီ။
မှတ်ချက် ။ ဒါနည်းက ဖုန်းကနေ Wifi ပြန်လွှင့်တဲ့နည်းဖြစ်ပြီး သင်က laptop ရှိမှသာ အဆင်ပြေမှာပါ။ အကယ်လို့ laptop မဟုတ်ပဲ PC နဲ့ သုံးမယ်ဆိုရင်တော့ အောက်ပါ နည်းလမ်းများအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းကို ကွန်ပျူတာနဲ့ USB ဖြင့် ချိတ်ပေးပါ။ ဖုန်းထဲမှာ Charge Phone ကိုသာရွေးပေးပါ။
ပြီးရင် Setting > Wireless and Network > Tethering and Portable hotspot ကို အရှေ့ကအတိုင်း အစဉ်လိုက်ဝင်လိုက်ပါ။
USB thethering ကို tick လုပ်ပေးလိုက်ပါ။ ခဏကြာရင် သင့် PC taskbar ရဲ့ ညာဘက် connection ပြတဲ့ နေရာလေးမှာ coneection ချိတ်မိကြောင်း သင်္ကေတလေးတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ဖုန်းဖြင့် PC မှာ internet အသုံးပြုလို့ရပါပြီ။
မှတ်ချက် ။ အထက်ပါနည်းမှာလည်း မိမိဖုန်းရဲ့ driver ကို PC ထဲ ထည့်သွင်းပြီးမှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်။ PC မှာ သုံးဖို့ phone driver လည်း မရှိဘူး၊ မိမိဖုန်းရဲ့ function ထဲမှာလည်း thethering and portable hotspot ဆိုတဲ့ function ပါမလာဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်း ရှိပါသေးတယ်။
အရင်ဆုံးအောက်က ပေးထားတဲ့ ဖိုင်ကို အရင် download ပါ။
ဒေါင်းလုပ်ဆွဲရန် >>>> ဒီမှာ Click ပါ။
အဲဒီထဲမှာ apk file နဲ့ exe file နှစ်ခုပါပါတယ်။ apk file ကို ဖုန်းထဲမှာ Install လုပ်ပါ။ ဖုန်းတွင် applications များ Install မလုပ်တတ်ရင် ဒီမှာ ကြည့်ပါ။
exe file ကို အသုံးပြုမယ့် computer ထဲမှာ install လုပ်ပါ။
ပြီးရင် ဖုန်းကို computer နှင့် USB ကြိုးဖြင့် ဆက်သွယ်ချိတ်ဆက်ပါ။ ဖုန်းတွင် Charge Phone ပဲ ရွေးပေးပါ။
ဖုန်းထဲမှ Easy Thether ကို ဖွင့်ပြီး USB thether တွင် အမှန်ခြစ်ပေးပါ။ ထို့နောက် computer taskbar တွင် ပေါ်နေသော Easy thether ပုံလေးတွင် တစ်ချက် နှိပ်ပြီး Connet via Andriod ဆိုတာလေး ရွေးပေးလိုက်ရင် သင့် computer တွင် ဖုန်းဖြင့် internet ချိတ်ဆက် အသုံးပြုလို့ ရရှိမှာ ဖြစ်ပါတယ်။

Andriod ဖုန်းများအား Applications များထည့်သွင်းခြင်း


Andriod ဖုန်းတွေမှာ application တွေ ဂိမ်းတွေကို ဆိုင်တွေမှာ ပိုက်ဆံပေးပြီး ထည့်နေကြရပါတယ်။ တစ်ကယ်တော့ application တွေ၊ ဂိမ်းတွေ သွင်းတယ် ဆိုတာ မခက်ပါဘူး..၊ လက်ရှိ ဖုန်းလောကမှာ OS version သုံး ဖုန်းဖြစ်တဲ့ Andriod ဖုန်းတွေအတွက် Free application တွေက သန်းချီပြီးတော့တောင် ရှိပါတယ်။

 ဒုတိယအများဆုံးက iOS version သုံး ဖုန်းဖြစ်တဲ့ Apple ဖုန်းပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Windows နဲ့ Symbians ဖုန်းတွေက နောက်ကနေ လိုက်လျက်ရှိပါတယ်။ Andriod ဖုန်းတွေရဲ့ application file အမျိုးအစားက .apk ဖြစ်ပါတယ်။
Andriod ဖုန်းအတွက် application နဲ့ games များကို အောက်ပါ websites များမှာ အခမဲ့ရယူနိုင်ပါတယ်။
အထက်ပါ website များမှ သင် application file တစ်ခုကို computer မှ တစ်ဆင့် download ဆွဲပါ။ .apk နှင့် ဆုံးသော file ရရှိပါလိမ့်မည်။ ရရှိပါက computer မှ တစ်ဆင့် ဖုန်းရဲ့ SD Card ထဲကို ပြောင်းထည့်လိုက်ပါ။ (အဲဒီနေရာမှာ ကိုယ်ထည့်ထားတဲ့ နေရာကို မှတ်ထားဖို့လိုပါတယ်..၊ ဥပမာ SD Card ထဲက games folder ထဲမှာ ဆိုပါစို့..)
အရင်တစ်ခါမှ ဂိမ်းများ application များ မသွင်းခဲ့ဖူးပါက ဖုန်းထဲတွင် အောက်ပါအဆင့်ကို အရင်ဆုံး လုပ်ရန် လိုအပ်ပါသည်။
ဖုန်းထဲမှ Setting > Application > Unknown Sources ကို အမှန်ခြစ်ပေးရန် လိုအပ်ပါသည်။
ထို့နောက် ဖုန်းကိုဖွင့်ပြီး File Manager ကိုဖွင့်ပါ။ ပြီးနောက် မိမိ .apk ကို သိမ်းဆည်းခဲ့တဲ့ နေရာ (SD Card ထဲက games folder) ကို ဖွင့်လိုက်ပါ။ အဲဒီထဲမှာ မိမိထည့်ထားတဲ့.. application file ကို click လုပ်လိုက်ပါ။
Install လုပ်မှာလား ဆိုတဲ့ စာပေါ်လာပါလိမ့်မယ်။ Install ကို နှိပ်ပေးလိုက်ပါ။
ပြီးရင် Home ထဲကို ပြန်သွားကြည့်လိုက်ပါက သင့်ရဲ့ application လေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်.

Andriod ဖုန်းများကို Internet ချိတ်ဆက်နည်း



အရင်ဆုံးသင့်ဖုန်းအမျိုးအစားကို အရင်စစ်ဆေးပါ..၊ အခုကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာတွေကတော့ Andriod ဖုန်းတွေမှာ ပြုလုပ်ရမယ့် internet setting ချိန်နည်းပဲ ဖြစ်ပါတယ်...၊





 Setting ကို ဖွင့်ပြီးပါက setting ထဲက Wireless and Networks ကိုရွေးပေးပါ.။
 Mobile Network ကိုရွေးပေးပါ။
 Access Ponit Names ကို ဆက်လက်ရွေးချယ်ပေးပါ..။
 Name နဲ့ APN တို့တွင် MPTNET ဟု ရိုက်ထည့်ပေးပါ။

အောက်က အချက်အလက်တွေကိုလည်း ဒီအတိုင်း ဖြစ်မဖြစ် စစ်ဆေးပေးပါ..။
 ပြီးရင် Back ခလုပ် တစ်ချက်နှိပ်ပြီး Data enabled ကို tick လုပ်ပေးပါ။
 Notification bar တွင် အထက်ပါ အတိုင်း E သို့မဟုတ် H သို့မဟုတ် 3G ပေါ်နေပါက သင့်ဖုန်းသည် အင်တာနက်ချိတ်မိပြီး ဖုန်းဖြင့် အင်တာနက်သုံးစွဲ နိုင်ပြီဖြစ်ပါသည်။




Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…



အခုတစ်လော နာမည်ကြီးလာတဲ့ Viber ဆော့ဝဲလ်လေးကို ကိုယ့်ဖုန်းမှာ သွင်းပြီး အင်တာနက် ချိတ်လိုက်တာနဲ့ အခြား viber ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် စကားပြောခြင်း၊ message ပို့ခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..၊
ဒီ Viber ဆော့ဝဲလ်ကို Andirod ရဲ့ OS ဖုန်း၊ ဒါမှမဟုတ် Apple ရဲ့ IOS ဖုန်းတွေမှာသာ အသုံးပြုလို့ရပါသေးတယ်။

မြို့ကြီးတွေမှာတော့ မသိဘူး..၊ နယ်ဘက်မှာဆိုရင်တော့ viber သွင်းခကို ၅၀၀၀ မှ ၁၀၀၀၀ ထိ ပေးကြရပါတယ်။ အောက်ကအဆင့်တွေအတိုင်း သေချာလုပ်ကြည့်ရင် ပိုက်ဆံ မကုန်ပဲ မိမိကိုယ်တိုင် viber ကို သွင်းတတ်သွားမှာဖြစ်ပါတယ်။
Andriod ဖုန်းတွေအတွက် Viber ကို >>>> ဒီမှာ Download ယူပါ။
Iphone တွေ Viber ကို >>>> ဒီမှာ Download ယူပါ။
ပြီးရင် ရလာတဲ့ File လေးကို မိမိဖုန်းထဲကို install လုပ်ပါ။
Install လုပ်ပြီးပါက မိမိဖုန်းကို အင်တာနက်ဖွင့်လိုက်ပါ။ 
ပြီးရင် မိမိသွင်းထားတဲ့ Viber ကို ဖွင့်လိုက်ပါ။
အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ကိုယ့်နံပါတ် ရှေ့မှာ 9 ခံပြီးရိုက်ထည့်ပါ။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က ၅၂၃၂၇၃၄ဆိုရင် - ၉၅၂၃၂၇၃၄ ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ (မမှားအောင် အထူးသတိထားပြီး ရိုက်ထည့်ရမှာဖြစ်ပါတယ်။) ပြီးရင် Continue ကို နှိပ်ပါ။
Approve ကိုဆက်နှိပ်ပေးပါ။
ဒါပြီးရင် Viber ကနေ ကိုယ့်ဖုန်းကို SMS message ပို့ပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်သလောက်ကတော့ မြန်မာနိုင်ငံက ဖုန်းတွေကို Viber က SMS message မပို့ပေးပါဘူး…၊ ဒါကြောင့် message မ၀င်ဘူးဆိုရင် click here ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ။
ပြီးရင် Get Code ဆိုတာလေးကို ဆက် Click ပေးပါ။
မကြာခင်မှာပဲ ကိုယ့်ဆီကို Viber မှ ဖုန်းခေါ်ဆိုလာပါလိမ့်မယ်။ ဘာမှ ပြောစရာမလိုပါဘူး..၊ သူပြောတဲ့ Code Number ၄လုံးကို လိုက်မှတ်ထားရုံပါပဲ.. ၂ ခေါက်ပြောပါလိမ့်မယ်။ မကြားလိုက်ဘူးဆိုရင် ၁ ကိုနှိပ်ပါ။ ပြန်ပြောပြပါလိမ့်မယ်။
 
ပြီးရင် အောက်ကအဆင့်ကို ပြန်သွားပြီး မိမိမှတ်ထားတဲ့ Code နံပါတ်ကို ရိုက်ထည့်ပြီး Enter viber ကိုနှိပ်လိုက်ပါ။
ဒီအဆင့်တွေပြီးရင်တော့ မိမိဖုန်းထဲမှာ viber ဆော့ဝဲလ် အသုံးပြုလို့ ရပြီပဲ ဖြစ်ပါတယ်။ Viber ထဲဝင်ပြီး ကိုယ့် Contacts တွေထဲမှာ ဘယ်သူက viber ထည့်ထားလဲဆိုတာကိုလည်း ရှာလို့ရသလို..၊ ဖုန်းနံပါတ် အသစ်တွေကိုလည်း ထပ်ထည့်လို့ရပါတယ်…။

Viber ကို PC ကနေ ခေါ်မယ်


အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။ 
ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။
Code:
ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်
Code:
ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....
bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။

ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့


၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။

memoryသန့်ရှင်းအောင်လုပ်နည်း


New-Shortcut ကိုထပ်နိုပ်ပါ၊

၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊


%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်

 ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။  ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ Download ချသွားလိုက်ပါနော်...

download ချလို့ ရလာတဲ့ဆော့ဝဲလ်ကို Installလုပ်ပီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..
အထဲမှာပါတဲ့ ကီးကို အပေါ်ကပုံအတိုင်း ထည့်ပြီးရင် အဲဒီနေရာမှာပဲ ပြန်ဖွင့်ကြည့်လိုက်ပါ..။ ဒီအောက်ကပုံ အတိုင်း ပြနေရင် ဖူးဗားရှင်း ဖြစ်သွားပါပြီ..
အောက်ကပုံကတော့ သူ့ထဲမှာပါတဲ့ ဘက်ဂရောင်းဖရိန် အနည်းငယ်ကို ပြပေးလိုက်တာပါ..။ အစိမ်းတုံးလေးတွေကို တခုချင်းကလစ်ပြီး မိမိတို့ကြိုက်တဲ့ ဒီဇိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်..။
 

 လွင်မင်းဗိုလ် ဘလော့မှယူထား

ကွန်ပျူတာက Hard Disk Drive ခွဲနည်း

နောက်ထပ် Software မလိုပဲ Partition ခွဲနည်းလေးပါ အောက်က အတိုင်း လုပ်ကြည့်ပါနော်..

1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုရွေးပေးလိုက်ပါ ။
2. computer Management box ပေါ်လာပါမယ်။
3. storage >> Disk Management ကို ရွေးပေးလိုက်ပါ။
4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ)

တစ်ပိုင်းတည်းကို ပြန်ခွဲတာပဲပြောပြပါ့မယ် . အတူတူပါပဲ ကျွန်တော်က C;/ တစ်ပိုင်းတည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ
5. C:/ >> right click နှိပ်ပြီး shrink volume ကိုရွေးပေးလိုက်ပါ
6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ .

(1024 MB = 1 GB)
7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ
8. partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ partition အသစ်ကို right click

ထောက်ပြီး New simple volume ကိုရွေးပေးပြီး Next .... Next ဆိုပြီးတော့

ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ.။

CDMA 800 MHz Phone Internet Setting ပြုလုပ်နည်း


Settings>Wireless & networks>Mobile networks>Access Point Names>သွားပါ။
ဖုန်းရဲ့ menu ကိုနှိပ်ပြီး New APN ကိုရွေးပါ။ 
Name မှာ ကြိုက်ရာတစ်ခုထည့်ပါ။ ဥပမာ၊ MPT
APN မှာ #777 ကိုထည့်ပါ။ 
Username မှာ xxx@c800.mm ကိုရိုက်ထည့်ပါ။ 
xxx နေရာမှာကိုယ်ကြိုက်ရာကိုထည့်နိုင်ပါတယ်။ 
Password မှာ ကြိုက်ရာထည့်ပါ။
 ပြီးရင် ဖုန်းက menu ကိုနှိပ်ပြီး Save ကိုရွေးပါ။ 
APNs page မှာ မိမိ လုပ်ခဲ့တဲ့ APN ကို select လုပ်လိုက်ပါ။ 
ဒါဆိုပြီးပါပြီ။ 
အင်တာနတ်သုံးကာနီးရင် Settings>Wireless & networks>Mobile networks>Data enabled ကို check လုပ်ပါ။ 
Screen က signal bar မှာ 3G ပေါ်လာရင် အင်တာနတ်အသုံးပြုနိုင်ပါပြီ
မသုံးတောာ့ဘူးဆိုရင် Data enabled ကို uncheck ပြန်လုပ်ရပါမယ်။
မေ့သွားရင်တော့ တစ်မိနစ် ၄ ကျပ် နှုန်းကုန်ဆုံးနေပါမယ်။

ဝင်ဒိုး မီဒီယာ ပလေယာ နှင့် ဓါတ်ပုံရိုက်နည်း


  windows media player ကိုဖွင့်လိုက်ပါ။
အဲဒီထဲက Tools -> Options ->Pefomance -> Advanced အထိအဆင့်ဆင့် နှိပ်ဝင်သွားလိုက်ပါ
နောက် Use overlays ကို အမှန်ခြစ်ကလေး ဖြုတ်လိုက်ပါ
ပြီးတော့ ok ->apply -> Yes လုပ်လိုက်ပါ။အဲဒါဆိုရပါပြီ။

ဓါတ်ပုံရိုက်ချင်တဲ့ VCD တစ်ခုကို Window Media Player နဲ့ ဖွင့်လိုက်ပါ။
ရိုက်ချင်တဲ့နေရာရောက်ရင် Ctrl+I ကို keyboard မှာ နှိပ်လိုက်ပါ။
Save box လေးကျလာပါမယ်။မိမိ သိမ်းလိုရာနေရာမှာ သာ file name ပေးပြီးသိမ်းလိုက်ပါ။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ  အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့

ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ ၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြေ့တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါယောက်ကို မှန်အောင် ဖြေ့ရပါတယ်…အချိန်အကြာကြီးယူဖြေ့လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့်  log ပွင့်မှာမဟုတ်ပါဘူး.။

 
ဧဒင်အချစ်ပုံပြင်မှ ယူထား