Monday, August 13, 2012

Computer Driver Version ကိုကြည့်နည်း


ကိုယ့်ရဲ့စက်မှာ သုံးထားတဲ့ Driver Version တွေကို သိချင်တဲ့ သူများအတွက်ပါ ဒီနည်းဟာ ကိုယ့်စက်မှာ သုံးထားတဲ့ Driver တွေကို ဒေါင်းဖို့ နဲ့ Update လုပ်ဖို့ အတွက် အသုံးဝင်စေမှာပါ ..။

ကြည့်နည်းလေးကိုသိချင်ရင်တော့

1. Start က နေပီး Control Panel ကိုသွားလိုက်ပါ..။


2. Control Panel မှာတော့ Device Manager ကို ရှာရမှာပါ..။ Panel အတွင်းမှာတော့ ကိုယ့် ကြည့်တဲ့ View ပေါ်မူတည်ပီး ပုံစံ ပြောင်းလဲနေပါလိမ့်မယ် ...။ Device Manager ကို ရှာပါ..။


3. ပုံမှာလို Window ပွင့်လာပီဆိုရင်တော့ ကို ကြည့်ချင်တဲ့ Device ကိုရွေးလိုက်ပါ...။Properties ကိုသွားလိုက်ပါ...။


4.ပေါ်လာတဲ့ Window က Driver Tag မှာ Driver Version ကိုကြည့်နိုင်သလို Update လည်းလုပ်နိုင်ပါတယ် ..။


အားလုံး အဆင်ပြေကြပါစေ ....

No comments: