Tuesday, August 7, 2012

Gtalk Custom Message အလန်းလေးများ (၇)


နင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ပေါ့ပေါ့လေးနေလာပေးခဲ့တာ ကြာတော့လည်း ငါ့အတွက်ဆို နင်အလေးအနက်တွေထားဖို့မေ့နေပြီထင်ပါရဲ့ .......


အချစ်တစ်မျိုးရှိတယ်... အနာဂတ်အတွက်မရေရာပေမယ့် အဲဒီအချစ်အတွက် ပေးလိုက်တဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး....


သူဟာငါ့အတွက်အမြဲဖြစ်စေရမယ်ဆိုတဲ့ဆုလာဘ်သာရခဲ့ရင်...ဒီကမ္ဘာရဲ့ချောင်တစ်ခုထဲက..အသေးငယ်ဆုံးတစ်နေရာရရင်ပဲ.............ငါကျေနပ်လှပါပြီ


အချစ်ဆိုတာ အသစ်မလာခင်ထိပဲရူးသွပ်တာပါ အသစ်လာတော့ မင်းကရယ်စရာပေါ့ မာနကြီးမနေနဲ့ ငါအသစ်မတွေ့သေးလို့ သည်းခံနေတာ..... 


ငါ ဆက်လက်ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တဲ့အခါ .. လွှတ်ချခွင့်ပြုပါ ။
ပြီးတော့ ..
ငါ့ကို လွတ်လပ်စွာ အသက်ရှုခွင့်ပြုပါ ။


လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင် ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့


ကဗျာဆန်ဆန် တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့ ၀တ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တရ် နှလုံးသားကို ငုံကြည့်လိုက်တော့
အံသြစရာကောင်းစွာပဲ နှလုံးသားကလည်း ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတရ်.


ဆေးလိပ်နေ့တိုင်းသောက်ကြည့်ပါ..... ပုံမှန်ထက်၃နှစ်စောသေမယ်။
အရက်နေ့ တိုင်းသောက်ကြည့်ပါ  .....................ပုံမှန်ထက်၁၀နှစ် စောသေမယ်။
လူ၁ယောက်ကိုအချစ်စစ်နဲ့ ချစ်ကြည့်ပါ.................သင်နေ့ တိုင်းသေလိမ့်မယ်။


ထမင်းကလွဲရင် အကုန်ချက်တယ်Gtalk နဲ့ Chat မယ်G-mail နဲ့ Chat မယ်Yahoo နဲ့ Chat မယ်. VZO နဲ့ Chat မယ်. Pfingo ပြောမယ် 


အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?နေစမ်းပါ....LOVER လုပ်မယ့်အစားGAMER ပဲ လုပ်တော့မယ်........။


အချို့က ချစ်လျက်နဲ့ ကွဲကြတယ်... ဒါပေမယ့်.... မုသားတွေပါတယ် ...။ အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်... ဒါပေမယ့်.... မာနတွေပါတယ် ....။အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်... ဒါပေမယ့်.... အချစ်ဆိုတာပါတယ် ...


ငါနင့်ကို၂ပြားမတန်အောင်ပြောမိတာအတွက် ငါတောင်းပန်ပါတယ်ဟာ ငါသေချာစဉ်းစားမှပဲ နင်ကတစ်ပြားမှကိုမတန်တာ သိတော့တယ်....


"ဇ" ရှိတယ်နော်..... ထမင်းစားရင် ဇွန်းနဲ့ ဇလုံနဲ့ အီးပါရင် ဇောက်ထိုး... မော်ဒယ်ဆိုရင် ဇူဇူးမောင်နဲ့ ဇင်ဇင်ဇော်မြင့် အဆိုတော်ဆို ဇမ်နူး လူသတ်ရင် "ဇွတ် ဇွက် ဇွိ" သုံးချက်ပဲ...... 


မင်းမှာမကောင်းတာနှစ်ခုပဲ ရှိတယ် ရုပ်ရည်လေးနဲ့ $ကျင့်လေး ...


မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...


ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး


လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ



မြွေကြီးလို့သာ နဂါးဖြစ်လာတာ၊ ထောင်ပြစရာ အမောက်ကမရှိဘူး။ လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ၊ ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။ ချစ်လို့သာရည်းစားဖြစ်နေတာ အမြဲတွေ့ရတယ်ကိုမရှိဘူး။..



ငါသိတဲ့သစ္စာဆိုတာပန်းနာမည်....မေတ္တာဆိုတာ...လူရွင်တော်..အချစ်ဆိုတာ...ဂျာနယ်တစောင်....သံယောဇဉ်ဆိုတာ..လေးဖြူသီချင်းးး  :22


တချို့အပြုံးအရယ်က ကိုယ့်ကိုယ်ကို နာကျင်ထိခိုက်စေပြီးမှ ရလာတဲ့ ရလဒ်ဖြစ်တယ်....



ဒီလမ်းက.. ကိုယ့် အတွက် အန္တရယ်ရှိတယ်ဆိုရင်.. မသွားလိုက်တာကောင်းပါတယ်.. ဒီအတွေးက.. ကိုယ့် ကို စိတ်ဆင်းရဲနာကျင်စေတယ်ဆိုရင်. .မတွေးတော့ တာကောင်းပါတယ်.. ဒီစကားက.. သူတစ်ပါးကို ထိခိုက်နာကျင်စေတယ်ဆိုရင်.. မပြောဘဲနေလိုက်တာ ပိုကောင်းပါလိမ့်မယ်..



ဟိတ် ~ ဟိုကောင်လေး ခုချက်ချင်းရပ်စမ်း!! အမယ် ~ ငါ့အသည်းကိုများ ဓားနဲ့လှီးဆော့နေသေးတယ် …. နာတော့မယ်~!! အောင်မာ .. ဘုရှိုးလာရှိုးမနေနဲ့!!! နင့်လက်ဓားရှမှာစိုးလို့ တားနေတာ


နာမည်မေးခါနီးရင် Connection က ကျပြီ.လိမ်စာမေးခါနီးရင် Connection က ကျပြီ.ဖုန်းနံပါတ်လေးပြောခါနီးရင် Connection က ကျပြီ …နင် တနေ့ဝဋ်လည်မယ် Connection….ဟင်းးး :(


ငါချစ်လို့ နင်စိတ်ညစ်မယ်ဆို.. နင်မသိအောင်ငါချစ်မှာပေါ့ … မုန်းဖို့တော့မခိုင်းနဲ့လေ………မေ့ဖို့ဆို ပိုဝေးတယ် …… စဉ်းစားကြည့်ပါလား. ဘယ်တရားမလဲ.. ငါ့လဲငါ့ခံစားချက်နဲ့ငါပဲဟာ


♥ ♥ငါ ချစ်သလောက် မချစ်လဲ နေပါ♥ ♥ငါ လွမ်းသလောက် မလွမ်းလဲ ၇ပါတယ် ♥ ♥မင်း ထားခဲ့ မယ် ဆိုလဲ ♥ ♥ငါကျေနပ်ပါတယ် ♥ ♥ဒါပေ့မယ် တိုက်ဆိုင် မှုလေး တွေ၇ှိ၇င်တော့ သတိ၇ပေးပါဟာ♥ ♥


ဓါးလဲသွေးပေးထားတယ်။
ရင်လဲခွဲပေးထားတယ်။
ဆားနဲ့လဲပက်သွားသေးတယ်။
ဒါတောင်နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့အသင့်ပါပဲ


နောက်ကျောကို ဓားနဲ့ မထိုးပါနဲ့ ..
ငါရှေ့ ကိုလှည့်ပေးပါ့မယ်..
ဒါပေမယ့် ရင်ဘတ်ရဲ့ ဘယ်ဘက်ကိုတော့
မထိုးမိစေနဲ့ အဲဒီမှာ မင်းရှိတယ်.. ..


ဂရုစိုက်ရင် လက်ကလေး ဓါးရှသွားမှာတောင် စိုးရိမ်ရင် စိုးရိမ်မယ် ဂရုမစိုက်တော့ရင်တော့ ငါ့ရှေ့မှာ နင့်ကိုယ်နင် ဓါးနဲ့ ထိုးပြီး သေမယ်ဆိုရင်တောင် လှည့်မကြည့်ဘူး...


4တော့ 4တယ်... နင်4တာ မမြောတော့ ခက်တယ်...
ပေါတော့ ပေါတယ် နင်ပေါတာ မရယ်ရတော့ ခက်တယ်...
ချောတော့ ချောတယ် ... နင်ချောတာ ရင်မခုန်တော့ ခက်တယ် ... xD


ဘာ...အချစ်ကနင်ဆော့နေတဲ့Gameလောက် တန်ဖိုးမရှိဘူး..ဟုတ်လား???
Hak! ~သေလိုက်လေ ..
အချစ်က 1500 နင်ဆော့နေတဲ့Game က တစ်နာရီ 300 တခြားစီဘဲ ~~~~:D ♥


ငါ့နှလုံးသားက ရယ်နေတဲ့ ငါ.နှုတ်ခမ်းကိုပြောတယ် သူလဲပျော်ချင်တယ်တဲ....
အဲဒီတော. မျက်ရည်လည်နေတဲ. ....
ငါ.မျက်ဝန်းက ငါ.နှလုံးသားကို ပြန်နှစ်သိမ်.တယ် ......
သူလဲဟန်ဆောင်နေတာပါကွာတဲ့


ခံစာချက်တွေကိုဖွင့်ပြောနေလို့လည်း.......
မင်းသိမှာမို့လား.............ငါရင်တွေကွဲသွားတော့လည်း
မင်းသိမှာမို့လား...........ဟန်မဆောင်တန်းပြော၇ရင်
မင်းမှာစာနာနားလည်တတ်တဲ့...........
နှလုံးသားမှမရှိတာ.............ဟုတ်တယ်မလား၊
ချစ်သူ................


ဘဲလား မနေ့ကပဲဆုံးတယ်....ဟင် ရည်းစား ဟုတ်လား...
မနက်ဖြန်ရက်လည်လေ...ချစ်သူကိုတော့မမေးနဲ့....
သူများတွေလုမှာစိုးလို့...ရေခဲတိုက်ထဲမှာ...လုံလုံခြုံခြုံထားထားတယ်... :D


**ငါနင့်ကို မမေ့ပါဖူး.. နင့်စိတ်ထဲ ငါမရှိတော့လို့ ငါနင့်ကို
အေးစက်သွားတာ. ငါနင့်ကို မမုန်းပါဖူးနင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ.***


သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။
ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲလိုက်ပါ။....
အခုကစပြီးနေငါရဲ့  အရာအားလုံးကို ပြောင်းလဲလိုက်ပါပြီ။
အဓိက သတိထားရမယ်လူတွေကတော့…….
ငါ့ ရဲ့ ကြင်နာရိုးသားတတ်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ ။


နှုတ်ဖျားက မထွက်လေတိုင်း......မပြောဘူးမမှတ်ပါနဲ့ ။ ...
ငါ့ မျက်လုံးက အဓိပ္ပါယ်ထောင်သောင်းမက ရှိနေတာကို..မင်း စာလုံးပေါင်းကြည့်စမ်းပါ..


ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်နေဖို. ခက်ခဲတာပါ.....


အပေါဆုံးကပိတ်ဆံပဲ မွေးရာပါအားနည်းချက်ရုပ်ချောတာ စိတ်ညစ်ရတဲ့အထဲမှာလေးစားမှုတွေအရမ်းရနေတာလည်းပါတယ် ဘာလုပ်လုပ်အောင်မြင်နေတော့ တခါတလေလည်း လေတာပေါ့


ငါဟာ…နင့်ရဲ့မျက်ရည်တစ်စက်ဆိုရင် နင်နှုတ်ခမ်းထက် ငါကြွေကျပြီး နင့်နှလုံးသားထဲထိ စီးဆင်းမယ်။ နင့်သာ ငါရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် ငါမငိုတော့ဘူး။ နင့်ကို ဆုံးရှုံးမှာစိုးလို့ပါ..


ငါက နင်ပြုံးနေရင်!!~ ကျေနပ်သူ နင်ငိုနေရင်~~!အနေခက်သူ! !!နင့်ကိုမတွေရရင်!!မနေတတ်သူ~~ ~~နင်လိုသမျှ ~~ပေးဆပ်ချင်သူ ~~နင်မှားသမျှလည်း ~~မငြိုငြင်တတ်သူ~~!! နင့်ကို!! ဒီလို !!ရူးသွပ်သူ!!<~~ !_!


.ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ♥♥♥


ငါ့အသည်းက အက်နေတာ.နော်.. နင်လိုချင်ရင်..အနည်းဆုံးတော့. ပတ်တီးမဟုတ်ရင်တောင်ပလာစတာလေး တော့ ယူခဲ့ဟာ. လောလောဆယ် ကိုင်လို.ကို မရတာ.. .. ထိတာနဲ့ ကွဲမှာဆိုးလို. ငါတောင်.. ဂျောင်ထိုးထားရတယ်.. ။။


ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လို့ မင်း ကိုမတွေ့တဲ့အခါ....   အချိန်နာရီ  တွေကိုမုန်းတယ် နေရာဒေသ  တွေကိုမုန်းတယ် ကိုယ့်ကိုကိုယ်  လဲမုန်းတယ်   မင်းနဲ့ဝေးလွန်းလို့....


မင်းကုသလို့ရုပ်ဆိုးပေမယ့် ဒဿဂီရိလိုအချစ်နဲ့ပါဟာ ရက်စက်ဖို့တော့မစဉ်းစားနဲ့နော် ငါ့အငြိုးကစူဠသုဘဒ္ဒါထက်ကြီးတယ်....

No comments: