Tuesday, August 7, 2012

Gtalk custom message အလန်းလေးများ ၂

Gtalk Custom Message အလန်းလေးများ 

1. အရှင် ရုက္ခစိုးနတ်မင်းကြီးရယ်….. ကျွန်တော့သားလေးကို ဗွေမယူပါနဲ့….. ကျွန်တော့မိန်းမကိုတော့ အတည်ယူပါ….. ကျွန်တော့မှာ အခု စမောလေးတစ်ယောက်
တွေ့နေလို့ပါ…..

2. တောင်နှစ်လုံးကြား “ချောက်” ခြားတာ ပြဿနာမရှိဘူး…..
ကမ်းနှစ်ဖက်ကြား “မြစ်” ခြားတာလဲ ပြဿနာမရှိသေးဘူး…..
မင်းနဲ့ငါ့ခြား နယ်မြေတွေခြားနေတာလဲ ပြဿနာမရှိသေးဘူး…..
ဒါပေမဲ့ ငါနဲ့ connection ကြားမှာ Access Denied ခြားမှာတော့ ငါကြောက်တယ်ဟာ….. ဟီး….

3. ရူပါမလန်းလို့….. မတူတာမှန်းတယ်လို့မထင်ပါနဲ့….. ကြူတာမစွမ်းလို့ မင်းအတွက်ဆို….. စူပါမင်းလေးလို စွမ်းဆောင်ပေးမှာပါ…..

4. ဆူပူမှုဖြင့် ယောက်ျားမရနိုင်….. မင်းမဲ့စရိုက်ဖြင့် မိန်းမမရနိုင်….. အာဘွားပေးတက်ခြင်းဖြင့်သာ အမွှာပူးမွေးနိုင်သည်။ တည်ငြိမ်သော connection ကိုလိုလားသည်။ Access Denied မကြာခဏဖြစ်သော connection ကိုမလိုလား။

5. It’s not being in love that makes me happy, but is being in loving with you.

6. မင်းမရှိရင် ငါဘယ်လိုနေရမလဲဟင်
နေ့ဆိုရင် မင်းကို အော်ဆဲ လိုက်ချင်တယ်
ဒါပေမဲ့ မင်းကိုချစ်နေဆဲပါ
ကျောင်းမှာဆိုပိုဆိုးတယ် ဘာမှလုပ်လို့မရဘူး
ဆုတ်ချာနေတာပဲ မင်းက
ညဆိုရင်တော့ မင်းကမဆိုးပါဘူး သုံးစားလို့တော့ရပါတယ်
အဲ့တာကြောင့်မို့လဲ ချစ်တာပါ
အခုတော့ ငါ့အဖြစ်က မင်းမရှိပဲ နေ့ရောညပါ အသက်ရှင်ရတော့မယ်
ရပါတယ် မွေးတုန်းကလဲ တစ်ယောက်တည်းပဲ
မင်းကိုဖက်ပြီးမွေးလာတာမဟုတ်ဘူး
တနေ့တော့ မင်းငါ့အိမ်ကို ပြန်ရောက်လာဦးမှာပါ ….
(မှတ်ချက် ။ ။ အိမ်က wifi ဖြုတ်လိုက်သောကြောင့် ကြေကွဲနေတာပါ)

7. မဟားဒယား busy…..ပိုးစိုးပက်စက် busy….. သေလုမျောပါး busy….. အသည်းအသန် busy….. သေအံ့မူးမူး busy….. တကယ့် တကယ် busy….. အမှန်အကန် busy….. လုံးဝလုံးဝ busy….. ပစ်စလက်ခတ် busy….. အုံး⁠အုံးကြပ်ကြပ်busy….. သေမလိုလို busy….. နေတယ်လို့ request လုပ်ထားမယ်နော်…..

8. Gtalk ထဲက ကျူကျူများ ‘Fatty ကြီး’ နဲ့တိုးပါစေ…..
မပြောပဲနဲ့ Block လုပ် ‘Gtalk Virus’ ကိုက်ပါစေ…..
နှုတ်ဆက်တာကို စာမပြန် ‘ရုပ်ဆိုးမကြီး’ ဖြစ်ပါစေ…..
မာနကြီးသောမမများ ‘ငှက်ပျောတုံး’ နဲ့ညားပါစေ…..
Busy နေတယ်ပြောသူများ ‘အလုပ်ပိပီးပြား’ ပါစေ…..
ASL လိမ်ညာသူများ ‘ပါးစပ်မှာဝဲ’ ပေါက်ပါစေ…..
မိန်းကလေးယောင်ဆောင် Chat သူများ ‘Gay စစ်စစ်ကြီး’ ဖြစ်ပါစေ…..
Online ပေါ်က ‘ငါ့ချစ်သူ’ ချမ်းသာကိုယ်စိတ်မြဲပါစေ…..

9. ‘အိမ်မက်’ တစ်ပွဲပေးကွာ…..
‘မျှော်လင့်ချက်’ များများထည့်…..
‘အတိတ်ဆိုး’ တွေမထည့်နဲ့…..
‘အနာဂတ်’ ကို ရွှဲရွှဲလေးဆမ်းကွာ…..
‘ခံစားချက်’ ကိုဒီအတိုင်း မထည့်နဲ့ သေးသေးလေးတွေ ဖဲ့ထည့်…..

10. အကောင်းဆုံး ကုန်ပစ္စည်းဆိုတာ ကြော်ငြာထဲမှာပဲရှိတယ်……
လုံးဝပြီးပြည့်စုံတဲ့ လူဆိုတာ ကဗျာထဲမှာပဲရှိတယ်…..
လုံးဝအပြစ်ကင်းတဲ့ အချစ်ဆိုတာ ဝတ္ထုထဲမှာပဲရှိတယ်…..
ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်…..

11. Sometimes, code is better than doc**entation……

12. (လိုက်ဆို….. အကြိမ်၃၀⁠၀၀)
ကျွန်ုပ်တို့သည် မြန်မာပြည်တွင်နေသည့် မြန်မာများပီပီ မြန်မာပြည်အင်တာနက်ကို သည်းခံ၍ သုံးစွဲပါမည်…..) :P

13. မလှစုန်းရိုး၊ စုန်းစိတ်ဆိုး၏…..
ဖွတ်နှင့်ယှဉ်ပြ၊ ဖွတ်ဒေါပွ၏…..
ကျွဲနှင့်နှိုင်းဆို၊ ကျွဲစိတ်တို၏…..
(လိုက်ဖတ်မနေနဲ့….. နင့်ကိုပြောတာ…..ဟီး⁠ဟီး)

14. မြန်မာနိုင်ငံသည် ပျော်စရာ အလွန်ပေါသော နိုင်ငံဖြစ်သည်။
မီးလာလျှင်လည်း ပျော်ရသည်။
ရေလာလျှင်လည်း ပျော်ရသည်။
Internet speed ကောင်းလျှင်လည်း ပျော်ရပါသည်။

15. ဤစာကို ဖာသိဖာသာဖတ်ပါ….. ဖေ***င်သောချင်းဖတ်ပါ….. ဖီလာကန့်လန့်ဖတ်ပါ….. ဖက်လှဲတကင်းဖတ်ပါ…… ဖြုတ်ချည်းရုတ်ချည်းဖတ်ပါ…..
ဖင်ပြန်ခေါင်းပြန်ဖတ်ပါ….. ဖတ်လတ်ဖတ်လတ်ဖတ်ပါ….. ဖေတော့မောင်တော့ဖတ်ပါ…..
ဖျတ်ဖျတ်လူးပြီးဖတ်ပါ…… ဖျန်းဖျန်းကွဲအောင်ဖတ်ပါ…..
ဖွတ်ဖွတ်ညက်ညက် ကြေအောင်ဖတ်ပါ….. ဒါမှမဟုတ်မဖတ်ချင်းလည်းမဖတ်ပါနှင့်….. ဘာမှမဟုတ်ပါ…..

16. ၎င်း စင်ကာပူမြို့ မြောက်မျက်နှာ အိုင်တီယောက်ျား ထွက်ဆိုသော စကားမှာ-
ဪ….. လူဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ဝမ်းစာခက်ခဲ၊ နာစီဂိုးရင်း (မလေးထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ စပါကတီ ခပ်အီအီနှင့်၊ ဟော့ပေါ့မည်သော၊ ရေလုံပြုပ်များကို၊ one table မျှ ခပ်ဝဝ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ရကျိုးနပ်လေငဲ့၊ မရပ်မနားကီးဘုတ်ကြားမှာ၊ ဝမ်းကျောင်းပါသော်ငြားလဲ၊ စားရသည့်နေ့၊ တစ်လလုံးတွင်မှ သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ ငွေနှယ်ကြေးနှယ်၊ဘဟာနှယ်များကို ကွယ်လေငဲ့
ပိတ်ပိတ်ပျောက်၊ အမွဲတကာ ထိပ်ကထိပ်ခေါင်၊ ဖွတ်မင်းနောင်တောင်မှ၊ အဖေခေါ်ရလောက်ပါတဲ့၊ တော်တော်မွဲပါတဲ့ ငါကိုနော်……

17. ညီညာလစ်ကျ၊ Roll Call လာယူ၊ လာပြီ ဆရာကြီး၊ လစ်ပြီး ထွက်ပြေး၊ စာသင်ချိန်အိပ် တပည့်စိတ် မချွတ်ငါးခုသာ…..

18. R-အား⁠အားရှိ A-အငြိမ်မနေ A-အမြဲလိုလို P-ပေါ့ပေါ့ပျက်ပျက် P-ပြီးစလွယ်နဲ့ E-အီစီကလီရိုက်တတ်တဲ့ R-အာပါလာတွေကို RAPPER ဟုခေါ်သည်။

19. My name is ဖိုးရှုပ်….. All call me အမျိုးယုတ်….. I live in တဲစုတ်….. I only eat ပဲပြုတ်….. I walk in လမ်းစုတ်….. So I meet မိပုတ်….. I give her အမှိုက်ထုပ်….. So she beats me with ထီးစုတ်….. And I run in တောအုပ်….. I play with ကျားစုတ်….. Now I work ဝဲကုတ်….. So my skin is ပြဲစုတ်….. And I go to doctor ရမ်းတုတ်…..

20. ဆရာမ ပြောတာ EXAM တဲ့ ငါကြားတာ အိပ်စမ်းတဲ့…..

21. ခေတ်အဆက်ဆက် လူတွေပါးစပ်ဖျား ရေပန်းစား သူရဲကောင်းလုပ်မဲ့ အစား Keyboard တစ်ဖက် Mouse တစ်ဖက် နဲ့ Gamer ပဲဖြစ်ချင်တယ်…. XD

22. အော်….. တစိမ့်စိမ့်ကြည့်စရာဆိုလို့ Monitor ရယ်….. တယုတယကိုင်စရာဆိုလို့ Keyboard ရယ်….. လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ Laser Mouse ရယ်….. တီတီတာတာလေး ဆိုလို့ မီးပျက်ရင်အော်တဲ့ USP…ပဲရှိတယ်…hehe :P

23. ဘ၀ဆက်တိုင်း UK မှာ ဘောလုံးသမား၊ japan မှာ ဆာမှုရိုင်း၊ US မှာ မာဖီးယား၊ Korean မှာ မင်းသား၊ Myanmar မှာ
လုကြီးသား၊ ဒီဘ၀မှာ ထာဝရ girl တိုင်းရဲ့ ယောက်ကျာင်္း ဖြစ်ရပါလို၏ ဘုရား။ :D

No comments: