Thursday, September 6, 2012

Viber ကို PC ကနေ ခေါ်မယ်


အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။ 
ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။
Code:
ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်
Code:
ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....
bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။

ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့


၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။

memoryသန့်ရှင်းအောင်လုပ်နည်း


New-Shortcut ကိုထပ်နိုပ်ပါ၊

၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊


%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်

 ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။  ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ Download ချသွားလိုက်ပါနော်...

download ချလို့ ရလာတဲ့ဆော့ဝဲလ်ကို Installလုပ်ပီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..
အထဲမှာပါတဲ့ ကီးကို အပေါ်ကပုံအတိုင်း ထည့်ပြီးရင် အဲဒီနေရာမှာပဲ ပြန်ဖွင့်ကြည့်လိုက်ပါ..။ ဒီအောက်ကပုံ အတိုင်း ပြနေရင် ဖူးဗားရှင်း ဖြစ်သွားပါပြီ..
အောက်ကပုံကတော့ သူ့ထဲမှာပါတဲ့ ဘက်ဂရောင်းဖရိန် အနည်းငယ်ကို ပြပေးလိုက်တာပါ..။ အစိမ်းတုံးလေးတွေကို တခုချင်းကလစ်ပြီး မိမိတို့ကြိုက်တဲ့ ဒီဇိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်..။
 

 လွင်မင်းဗိုလ် ဘလော့မှယူထား

ကွန်ပျူတာက Hard Disk Drive ခွဲနည်း

နောက်ထပ် Software မလိုပဲ Partition ခွဲနည်းလေးပါ အောက်က အတိုင်း လုပ်ကြည့်ပါနော်..

1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုရွေးပေးလိုက်ပါ ။
2. computer Management box ပေါ်လာပါမယ်။
3. storage >> Disk Management ကို ရွေးပေးလိုက်ပါ။
4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ)

တစ်ပိုင်းတည်းကို ပြန်ခွဲတာပဲပြောပြပါ့မယ် . အတူတူပါပဲ ကျွန်တော်က C;/ တစ်ပိုင်းတည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ
5. C:/ >> right click နှိပ်ပြီး shrink volume ကိုရွေးပေးလိုက်ပါ
6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ .

(1024 MB = 1 GB)
7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ
8. partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ partition အသစ်ကို right click

ထောက်ပြီး New simple volume ကိုရွေးပေးပြီး Next .... Next ဆိုပြီးတော့

ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ.။

CDMA 800 MHz Phone Internet Setting ပြုလုပ်နည်း


Settings>Wireless & networks>Mobile networks>Access Point Names>သွားပါ။
ဖုန်းရဲ့ menu ကိုနှိပ်ပြီး New APN ကိုရွေးပါ။ 
Name မှာ ကြိုက်ရာတစ်ခုထည့်ပါ။ ဥပမာ၊ MPT
APN မှာ #777 ကိုထည့်ပါ။ 
Username မှာ xxx@c800.mm ကိုရိုက်ထည့်ပါ။ 
xxx နေရာမှာကိုယ်ကြိုက်ရာကိုထည့်နိုင်ပါတယ်။ 
Password မှာ ကြိုက်ရာထည့်ပါ။
 ပြီးရင် ဖုန်းက menu ကိုနှိပ်ပြီး Save ကိုရွေးပါ။ 
APNs page မှာ မိမိ လုပ်ခဲ့တဲ့ APN ကို select လုပ်လိုက်ပါ။ 
ဒါဆိုပြီးပါပြီ။ 
အင်တာနတ်သုံးကာနီးရင် Settings>Wireless & networks>Mobile networks>Data enabled ကို check လုပ်ပါ။ 
Screen က signal bar မှာ 3G ပေါ်လာရင် အင်တာနတ်အသုံးပြုနိုင်ပါပြီ
မသုံးတောာ့ဘူးဆိုရင် Data enabled ကို uncheck ပြန်လုပ်ရပါမယ်။
မေ့သွားရင်တော့ တစ်မိနစ် ၄ ကျပ် နှုန်းကုန်ဆုံးနေပါမယ်။

ဝင်ဒိုး မီဒီယာ ပလေယာ နှင့် ဓါတ်ပုံရိုက်နည်း


  windows media player ကိုဖွင့်လိုက်ပါ။
အဲဒီထဲက Tools -> Options ->Pefomance -> Advanced အထိအဆင့်ဆင့် နှိပ်ဝင်သွားလိုက်ပါ
နောက် Use overlays ကို အမှန်ခြစ်ကလေး ဖြုတ်လိုက်ပါ
ပြီးတော့ ok ->apply -> Yes လုပ်လိုက်ပါ။အဲဒါဆိုရပါပြီ။

ဓါတ်ပုံရိုက်ချင်တဲ့ VCD တစ်ခုကို Window Media Player နဲ့ ဖွင့်လိုက်ပါ။
ရိုက်ချင်တဲ့နေရာရောက်ရင် Ctrl+I ကို keyboard မှာ နှိပ်လိုက်ပါ။
Save box လေးကျလာပါမယ်။မိမိ သိမ်းလိုရာနေရာမှာ သာ file name ပေးပြီးသိမ်းလိုက်ပါ။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ  အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့

ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ ၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြေ့တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါယောက်ကို မှန်အောင် ဖြေ့ရပါတယ်…အချိန်အကြာကြီးယူဖြေ့လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့်  log ပွင့်မှာမဟုတ်ပါဘူး.။

 
ဧဒင်အချစ်ပုံပြင်မှ ယူထား


Monday, August 20, 2012

External HD မှာ Folder များ Shout cut ဖြစ်သွားတာကို ဘယ်လိုဖြေရှင်းမလဲ

။ ဖြေရှင်းနည်းကတော့ အချက် (၃) ချက်နဲ့ ဖြေရှင်းကြည့်ရအောင်…

ပထမချက်… Autorun Exterminator နဲ့ ဖြေရှင်းနည်း

၁။ Autorun Exterminator ကို ဒီမှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။

၂။ ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။
မှတ်ချက်= မိမိ External hard Disk ကို ကွန်ပျူတာမှာ အရင်တပ်ထားရပါ။ Double click ဖွင့်ပြီးတာနဲ့
Open Log ကို click ပေးပါ။ ဒါဆို Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

ဒုတိယအချက်….cmd.exe နဲ့ရှင်းမယ်

၁။ Start > Run or Window + R >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
၂။ အောက်ကအတိုင်း command ကို ရိုက်ပြီး Enter ခေါက်ပါ။
မှတ်ချက် = j သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ရဲ့ HD Drive ကို
ပြောင်းလဲ ထည့်ပါ။

attrib -h -r -s /s /d j:\*.*

တတိယ်အချက်…Malwarebyte Anti’Malware ဆော့ဝဲနဲ့ scan စစ်မယ်

၁။ အောက်က ဒီဆိုက်မှာ Download ချပါ။
၂။ ဒေါင်းလုဒ်ပြီးတော့ update လုပ်ပါ>> ပြီးတော့ Perform “ Full Scan “ လုပ်ပါ။

System Configuration (msconfig)/Boot/Advance

System Configuration (msconfig)/Boot/Advance Boot Option/ Number of Processor မှာ ၀င် ရောက်ပြင်ဆင်တဲ့အခါကျရင် 1, 2, 3, 4 စသည်အားဖြင့် တွေ့လျှင် ဘာတွေလဲဆိုတာ မခွဲခြားနိုင်ပဲဖြစ်တတ် တယ်။ ကျနော်အဲဒါကို နားလည်စေချင်လို့ ဒီပို့စ်ရေးလိုက်တာပါ။ အမှန်ကအဲဒီနံပါတ်တွေဟာ (Processor CPU) လေးလုံး physical တစ်ခုတည်းမှာ တပ်ဆင်ထားတာကိုဆိုလိုတာမဟုတ်ပါ။ အဲဒီနံပါတ်တွေကို CPU တစ်ခုလုံး တည်းအပေါ်မှာပါဝင်တဲ့ Processor core နံပါတ်ကိုဖေါ်ပြပေးတာဖြစ်တယ်။ Processor core အကြောင်းကို လေ့လာမယ်ဆိုလျှင် Processor CPU Version နဲ့ သူ့မှာပါဝင်တဲ့ core နံပါတ်တွေတွေ့ရမှာဖြစ်တယ်…

(၁) Dual-Core processor (CPU) တွင် = 1, 2 ဆိုပြီး core နံပါတ်နှစ်ခုရှိတယ်။ CPU အမျိုးအစားအားဖြင့်.. (၁) AMD Phenom II X2 (2) Intel Core Duo

(ဆိုလိုတာက AMD Phenom II X2 ဆိုတဲ့ Dual-Core Processor မျိုးဟာ core 1, 2 ဆိုပြီးနှစ်ခုပါဝင်တဲ့သ ဘောပါပဲ။ အလားတူ Intel Core Duo ဆိုတဲ့ Dual-Core Processor မျိုးသည်လည်း core 1, 2 နံပါတ်နှစ်ပါ ၀င်တယ်) ။

(၂) Quad-Core Processor (CPU) တွင် = 1, 2, 3, 4 ဆိုပြီး coreနံပါတ် ၄ ခုထိရှိလာပါတယ်။ CPU အမျိုးအ စားအားဖြင့် (1) AMD Phenom II X4 (2) i3, i5, i7 အကျုံးဝင်တဲ့ Intel 2010 core အမျိုးအစား တို့ဖြစ်ပါတယ်။

(၃) Hexa-core processor (CPU) တွင် = 1, 2, 3, 4, 5, 6 ဆိုပြီး core နံပါတ် ၆ ခုထိရှိလာတယ်။ CPU အမျိုးအစားအားဖြင့် (၁) AMD Phenom II X6 (2) Intel Core i7 Extreme Editon 980X

(၄) Octa-Core Processor (CPU) တွင် = 1, 2, 3, 4, 5, 6, 7, 8 ဆိုပြီး core ၈ ခုထိထပ်ပြီးတိုးလာတယ်။ CPU အမျိုးအစားအားဖြင့် AMD FX-8150 တစ်မျိုးတည်းသာရှိသေးတယ်။

အထက်ပါအချက်အလက်တွေဟာ Processor (CPU) အမျိုးအစားအသီးသီးမှာ ပါဝင်တဲ့ core အရည်အတွက်ပဲ ဖြစ်တယ်။ အဲဒါတွေကိုနားလည်ထားပြီးဆိုလျှင် တစ်ဆက်တည်းဒီနေရာမှာနောက်ထပ်တစ်မျိုးပြောကြမယ်။ တစ်ရက်က သူငယ်ချင်းတစ်ယောက်ကမေးလာ
တဲ့ pc problem တစ်ခုပါ။ အဲဒီပြဿနာက…
Booting Running in safe mdoe - ဆိုတာပါပဲ။ သူပြောတာကို သူ့စက်မှာ ပရော်ဆက်စာ ၄ လုံးလို့သုံးလိုက် တော့ ကျနော်အတော်ခေါင်းရှုပ်သွားတယ်။ တကယ်တော့ အတိအကျပြောပါဆိုလျှင် core processor နံပါတ်လို့ ပြောရပါလိမ့်မယ်။ အခုတော့ ရိပ်ဖမ်းသံဖမ်းမိပြီးလို့ထင်ပါတယ်။

Booting Running in safe mdoe-ပြဿနာကိုဆက်ပြောကြရအောင်…အဲဒီပြဿနာဟာ System Configurati on (msconfig) မှာ Normal Startup ကို Uncheck လုပ်မိတာဖြစ်နိုင်တယ်။

Normal Startup ဖြင့် Boot တက်မည်…

အောက်ပါအတိုင်းလုပ်ဆေင်ပါ…
Start Menu က search ဘောက်စ်တွင် msconfig ဒါမှမဟုတ် Window + R ဖြင့် Run ဘောက်စ်တွင် msconfig လို့ရိုက်ထည့်၊ Enter ခေါက်ပါ။


System configuration ဘောက်စ်ပေါ်လာမည်။


Booting Running in safe mdoe ကနေ Normal boot ပြန်ဖြစ်ချင်လျှင် အဲဒီ Normal Startup ကို check ပြန်လုပ်ပြီး Apply> OK

Booting Running in safe mdoe- (safe mode ကနေ boot တက်ချင်ရင်)
System configuration ဘောက်စ်ရဲ့ Menu တွင် Boot ကိုနှိပ်။ အောက်ပါဘောက်စ်ပေါ်လာမည်။


ဒီဘောက်စ်တွင် Window 7 boot တစ်ခုတည်းရှိတာကိုတွေ့ရမည်။ အကယ်၍ boot နှစ်မျိုးတင်ထားလျှင် နှစ်မျိုးတွေ့ရမှာပေါ့။ ဥပမာ..Window 7 and Linux ဒါမှမဟုတ် Window XP
and Win 7 စသည်။ မိမိက Default boot ဘယ် OS ထားချင်လည်း ဒီမှာရွေးလိုက်ရုံပါပဲ။ ဒါကတစ်ပိုင်း။

အခုက safe mode ကနေ boot တက်ချင်ရင်ဘောက်စ်အောက်မှာပါတဲ့…

Safe boot ကို check လုပ်ပါ။ ပြီးတော့ ညာဖက်က Make all boot settings permanent အကွက်ကိုလည်း check လုပ်ပြီး apply > OK

Boot up Time (Boot တက်ချိန်မြန်အောင်လုပ်မည်)
ဒီတစ်မျိုးက မိမိစက်မှာ Boot တက်ချိန်မြန်အောင်လုပ်နည်းလေးပါ။ ဒီအဆင့်ကိုပါဆက်ရေးရတယ်ဆိုတာ အပေါ် က Multi core processor ဆိုတဲ့အချက်တွေဟာ ဒါနဲ့သက်ဆိုင်နေလို့ပါ။ ဒါကြောင့်ပိုပြီးနားလည်အောင်ဆိုပြီး ဒီ အဆင့်ကိုပါတွဲရေးလိုက်တယ်။

အပေါ်ကအတိုင်း system configuration ကိုဖွင့်မယ်။ ၎င်း menu တွင် boot ကိုဆက်နှိပ်မယ်။ ပြီးတော့ Advance Boot option ကိုပါထပ်နှိပ်ပါ။


ထိုနောက် Number of Processor ရဲ့ လေးထောင့်ကွက်ကို အမှန်ခြစ်လိုက်ပါ။ အမြင့်ဆုံးနံပါတ်ကိုရွေးလိုက်ပါ။ ကျနော်အပေါ်မှာတင်ပြခဲ့တဲ့ CPU အမျိုးအစားလိုက် သူတို့ရှိရမည့် core နံပါတ်လေးတွေသဘောပေါက်လောက် မယ်ထင်တယ်။ လက်ရှိမှာ (၂) အမျိးအစားဖြစ်တဲ့ i3, i5, i7 အကျုံးဝင်တဲ့ Intel and AMD Phenom II X4 တို့ ပဲဖြစ်ပါတယ်။ သူတို့မှာ core နံပါတ် ၄ အထိရှိတယ်ပေါ့ဗျာ။ ကဲ..ဒါဆို မြန်ချင်တယ်ဆိုတော့ နံပါတ် ၄ ကိုရွေး လိုက်တယ်။

(မိမိစက် Default နံပါတ်ကိုတော့မှတ်ထားပါ။ မိမိချိန်းလိုက်တဲ့ နံပါတ်ကို boot တက်လာလို့ တစ်ခုခုအဆင်
မပြေခဲ့သော် မူလနံပါတ်ကိုပြန်ရွေးဖို့လိုလိမ့်မယ်)


ပြီးတော့ Make all boot settings permanent ကို check လုပ်တယ်။ Apply > OK


Confirmation box ပေါ်လာရင် yes ကိုနှိပ်


နောက်ဘောက်စ်မှာလည်း Don’t show this message again ကိုအမှန်ခြစ်ပြီး Restart ကိုသာနှိပ်လိုက်ပါ။


စောလင်းနက်စ် ဘလော့မှ ကူးယူထား.........

Saturday, August 18, 2012

ကွန်ပျူတာသုံးရင် ရုပ်သံလိုင်းကြည့်


anyTV_Pro_v51Portable ဆောစ့်ဝဲလ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲဆောစ့်ဝဲလ်မှာ လိုင်းတော်တော်စုံပါတယ် စိတ်ဝင်စားတဲ့သူဒေါင်းသွားပေါ့ဗျာ
(သို့)
 

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း…

၁၊   window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊   gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊   Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊   အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကိုသွားလိုက်ပါ။
၅၊   User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေး လိုက်ပါ။
၆၊   ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေး ကို double click ပေးပြီဝင်လိုက်ပါ။
၇၊   အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊  အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး ထပ်ပေါ်လာ ပါလိမ့်မယ်။
၉၊  အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

Computer ကိုဘယ်သူသုံးသေးလဲ


ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လိုမှ သူဖွင့် မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့ စက်များကတော့ Firefox တို့ Internet Explorer တို့ မှာ History ကနေ ၀င်ကြည့်မှာပေါ့လို့  ပြောလို့ ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။

ကိုမြတ်ဆိုဒ်မှ (www.komyat.com)

ကွန်ပျူတာ run စာသားများ

1.         Add/Remove Programs – appwiz.cpl
2.        Calculator – calc
3.         Character Map – charmap
4.         Command Prompt – cmd
5.         Control Panel – control
6.         Date and Time Properties – timedate.cpl
7.         Direct X Troubleshooter – dxdiag
8.         Disk Cleanup Utility – cleanmgr
9.         Disk Defragment – dfrg.msc
10.       Disk Management – diskmgmt.msc
11.       Display Properties – desk.cpl
12.       Firefox – firefox
13.       Folders Properties – control folders
14.       Fonts Folder – fonts
15.       Internet Explorer – iexplore
16.       Internet Properties – inetcpl.cpl
17.       Keyboard Properties – control keyboard
18.       Logs You Out Of Windows – logoff
19.       Microsoft Paint – mspaint
20.       Minesweeper Game – winmine
21.       Mouse Properties – control mouse
22.       Mouse Properties – main.cpl
23.       Network Connections – ncpa.cpl
24.       Notepad-notepad
25.       On Screen Keyboard – osk
26.       Outlook Express – msimn
27.       Pinball Game – pinball
28.       Power Configuration – powercfg.cpl
29.       Regional Settings – intl.cpl
30.       Registry Editor – regedit
31.       Remote Desktop – mstsc
32.       Shuts Down Windows – shutdown
33.       Sounds and Audio – mmsys.cpl
34.       Spider Solitare Card Game – spider
35.       System Configuration Utility – msconfig
36.       System Properties – sysdm.cpl
37.       Task Manager – taskmgr
38.       User Account Management – nusrmgr.cpl
39.       Windows Media Player – wmplayer
40.       Windows Messenger – msmsgs
41.       Wordpad – write

အချစ်ညမှ အချစ်နေ့





မြင့်မြတ်+မေကဗျာ




Friday, August 17, 2012

ချစ်သူများနေ့ပေါ်ပေါက်လာပုံ


အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ
စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင်
စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။
စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီး မယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ
နေချင်ကြတယ်..။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော
့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်..
စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း
ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ
စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့်
စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့
မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ
အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး
အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို
သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့်
အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ်
မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့
့သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။
မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး
သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့
လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ
မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊
သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။
အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က
ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ
အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့
ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from
your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင်
ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။

အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်..
အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်

"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။

American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို
သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas
လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက
ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။

အောက်မှာတော့ အာဇာနည် ရဲ့ သီချင်းလေးနဲ့ အသက်သွင်းပေးလိုက်ပါတယ်...။

' ' .. ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ .. ' '

Thursday, August 16, 2012

ကွန်ပျူတာနည်းပညာဆိုဒ်များ

  မီးပြတိုက် ကိုကျော်စွာငြိမ်း
 အော်တိုကတ်နည်းပညာများလေ့လာရန်။
  ညီလင်းဆက်
  မုန်တိုင်း
  ကွန်ပျူတာနည်းပညာများလေ့လာရန်။
ကိုမိုးထက်မြင့်= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.soemin.net/ = ကိုစိုးမင်း
www.htootayzar.com/ = ထူးတေဇာ
 အိုင်တီသမားများ
  စေတန်ဂေါ့
  မောင်လှ= ကွန်ပျူတာနှင့်ဓါတ်ပုံ 
 ကိုဇော်
  ကိုကျော်မြင့်ဦး
  နည်းပညာအကြောင်းဆွေးနွေးဖို့။
  သံလုံငယ်
www.simplehelp.net
  www.helpwithpcs.com
www.asia-oss.net
www.wwpi.com
www.educational-software.com
www.educationalsoftware.co.uk
www.okino.com
www.emailaccount.com
www.gawab.com
www.merriam-webster.com
www.learningpage.com
www.shareme.com

www.earch.imesh.com  ဆော့ဝဲလ်တွေအများကြီး free ဒေါင်းလို့ရတယ်
စုံလင်တဲ့ Free Software ဆိုဒ်ပါ
www.picget.net  မိမိဓါတ်ပုံတွေကို

Tuesday, August 14, 2012

Handy Cafe (အင်တာနက်ဆိုင်မှာ အသုံးပြုဖို့)

HandyCafe: Free Internet Cafe Software, Cyber Cafe Software, Game Center Software ဒီအောက်က Link လေးမှာ သွားယူလိုက်ပါ .... အဲ့ဒီမှာ Sign up လုပ်ပြီးဒေါင်းယူနိုင်ပါတယ်....
 ဒီနေရာ Sing Up မှာ လိုအပ်တာလေးတွေ ဖြည့်စွက်ပြီး SUBMIT လုပ်လိုက်တာနဲ့  www.handycafe.com ကနေ Mail တစ်စောင်ကို ချက်ချင်းပို့ပေးပါလိမ့်မယ်... Mail မှာ ပါတဲ့ Link ကို နှိပ်ပြီး license Key တွေနဲ့ အတူ ဒေါင်းယူနိုင်ပါပြီ....

Client အလုံး 900 ထိသုံးလို့ရတဲ့ Cafezee v3.9.9 +Crack ကိုတော့ ဒီမှာDownload ဒေါင်းယူနိုင်ပါတယ်... Install လုပ်နည်း အသေးစိတ်ကို ဒီမှာ လေ့လာလိုက်ပါ....:)

Handy Cafe ဆိုတာ Internet ဆိုင်တွေအတွက်အသုံးဝင်တဲ့ Software လေးပါ....
တခြားလိုအပ်လို့ မသိသေးသူများလည်း ဒီအောက်က Link မှာ သွားရောက်ပြီး Register လုပ်ကာ ဒေါင်းယူနိုင်ကြပါကြောင်း ဖေါ်ပြပေးလိုက်ပါတယ်....:)


Gtalk အကောင့် ပျောက်သွားရင် ပြန်ယူနိုင်ဖို့

အကောင့် ပျောက်သွားရင် ပြန်ယူနိုင်ဖို.ပါ…
gtalk icon က user name, password,sign in ရဲ့အောက်က Forgot your password? ဆိုတာကိုဖွင့်ပါ….(user name နဲ့password ရေးပြီးသားဖြစ်ရပါမယ်.
..မသိတဲ့ password ပေါ့လေ…ရေးချင်တာရေး sign in တစ်ခါဝင်ရပါမယ်…wrong password ပြမှအဲ့ဒါဖွင့်ပါ)………အဲ့ဒီမှာ password ပျောက်တဲ့ အကောင့် ရိုက်ထည့်ပါ…ပြီးရင် submit ပေါ့…..အဲ့ဒါပြီးရင် box ထဲမှာပေးထားတဲ့ စာလုံးတွေ
ရေးပါ (ဖတ်ရခက်ရင် ပြောင်းလို.ရပါတယ်..)
အဲ့ဒီမှာ password ပြန်ယူဖို့နည်း ၃ နည်းရှိပါတယ်…..
၁-security question ဖြေပြီး password reset လုပ်တာ
၂-recovery email သုံးပြီး ပြန်ယူတာ နဲ့
၃-အပေါ်က နှစ်ခု မသိရင်တော့ အောက်နားမှာ Can’t access any of these recovery options? Verify your identity by answering multiple questions about your account…ဆိုတာရှိပါတယ်..အပြာနဲ့ရေးထားတဲ့ Verify your identity ဆိုတာကို ဖွင့်ပါ
by answering multiple question ဆိုတဲ့ အတိုင်း အများကြီး ဖြည့်ရပါမယ်……….(လူတစ်ယောက်က ကိုယ် account ကြောင်း ကို တော်တော်လေးသိနေရင် ဒီနည်းနဲ့ ယူသွားနိုင်ပါတယ်)
.An email address we can use to contact you ဆိုတာမှာ ကိုယ့်ကို ဆက်သွယ်လို.ရမယ့် အကောင့် ဖြည့်လိုက်ပါ………
Account creation date,Last password you remember နဲ့Last successful login date ဆိုကို (အနီးစပ်ဆုံး) ဖြည့်ပါ…….
.security question နဲ့ Most recent recovery email address ဆိုတာကိုလဲ ဖြည့်နိုင်ရင်ပိုကောင်းပါတယ်……..
Email addresses of up to five frequently emailed contacts ကို ကိုယ့်အကောင့်ထဲက (ပြောတာအများဆုံး) ငါးယောက်ရဲ့ address တွေဖြည့်ပါ……label တွေ ရှိရင်ဖြည့်ပါ…..
.ပြီးတော့ Did you receive an invitation to create your account? ဆိုတာကိုလဲ ရတယ်/မရဘူး ပေါ့……..အားလုံးပြီးရင်တော့ submit ပေါ့…………..
အဲ့ဒါနဲ့ ဆင်တဲ့ နည်းတစ်နည်းရှိပါသေးတယ်….ဒီနည်းကို တာ့ ကျွန်တော့ ဦးလေးဆီကနေပဲ ……….ctrl+c…..ctrl+v ပေါ့ဗျာ…စာရိုက်မကျွမ်းတော့ အများကြီးမရေးနိုင်လို.ပါ…..(အရှက်ပြေပေါ့ဗျာ)
security မေးခွန်းရော secondary email မသိဘူးဘူးဆိုရင်တော့ ဂူးဂဲက ကိုယ်မေ့သွားတဲ့အကောင့်ကို Reset Password ကျအောင်လုပ်ပေးလိုက်ပါ အဲဒီ Reset Password ကျအောင်လို့လည်း အရင်အကောင့်ဖွင့်တုန်းကထားခဲ့တဲ့ security မေးခွန်းကို တတ်နိုင်သမျှ အနီးစပ်ဆုံးဖြည့်ပေးပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာတွေကိုဖြည့်ခိုင်းပါလိမ့်မယ် အဲဒီအင်္ဂလိပ်စာလုံးတွေကို အတတ်နိုင်ဆုံးဖြည့်ပေးပါ နောက်ဆုံးမှာ အဲဒီအကောင့်ကို ဂုးဂဲက Reset Password ဆိုပြီးလုပ်လိုက်ပါလိမ့်မယ်
Reset Password ကျသွားပြီဆိုတာနဲ့တစ်ပြိုင်တည်း အဲဒီမှာစာတွေကျလာပါလိမ့်မယ် ..
To initiate the password reset process, please follow the instructions sent to your ******@gmail.com email address……………………………………..
ဆိုပြီး အင်္ဂလိပ်စာကြောင်းတွေအများကြီး ကျလာပါလိမ့်မယ် အဲဒီမှာ This Form ဆိုတဲ့ လင့်လေးကိုတွေ့ရပါလိမ့်မယ် အပြာရောင်လေးနဲ့ပါ အဲဒါလေးကို ကလစ်လိုက်ပါ မရ ရင် http://www.google.com/support/accounts/bin/request.py?ara=1 အဲဒါကိုကလစ်လိုက်ပါ အဲဒီအခါကျရင်တော့ သူမေးခွန်းတွေကျလာပါလိမ့်မယ် အဲဒီမေးခွန်းတွေမှာကြည့်လိုက်ပါ အောက်လေးကိုနဲနဲဆင်းလိုက်ပါ An email address we can use to contact you ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်မယ် အဲဒီ မှာ ကိုယ်လက်ရှိ သုံးလို့ရနေတဲ့ အကောင့် ကို ရိုက်လိုက်ပါ ဥပမာ example@gmail.com ဆိုပြီးတော့ ရိုက်လိုက်ပါ ပြီးရင် အောက်ကိုထပ်ဆင်းလိုက်ပါ Describe the problem you’re experiencing ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်ရလိ့မ်မယ် ကျွန်တော်ကတော့ I believe someone has taken over my account ဆိုတဲ့ မေးခွန်းကိုရွေးချယ်ပါတယ် နောက်ပြီးတော့ အောက်ကိုထပ်ဆင်းလိုက်ရင် Product information ဆိုတဲ့ခေါင်းစဉ်အောက်မှာ Do you use Gmail with this account? ဆိုတာကိုတော့မဖြစ်မနေ ရွေးပေးရပါလိမ့်မယ် အဲဒါကိုရွေးလိုက်ရင် ဘောက်တွေကျလာလိမ့်မယ် အဲဒီအခါကျရင် Gmail username နေရာမှာကိုယ် လိုချင်တဲ့အကောင့်ကို ( ပတ်ဝေါ မေ့နေတဲ့အကောင့်) ကိုရိုက်ထည့်ပေးလိုက်ပါ နောက်ပြီးတော့အောက်ဘက်မှာ Most recent secondary email address နဲ့ Do you have a verification code ဆိုတာကိုတွေ့လိမ့်မယ် အဲဒီအဆင့်ကိုကျော်သွားလို့ရပါတယ် ပြီးရင် အောက်မှာ Email addresses of up to five frequently emailed contacts ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ ကိုယ်နဲ့ အရင်ချက်ခဲ့တဲ့ ဂျီမေလ်းယူဇာ ၅ ယောက် သုံးယောက်လောက်လည်းရတယ် အဲဒါကိုရိုက်ထည့်ပေးလိုက်ပါ ယူဇာနိမ်းတွေကိုရိုက်ထည့်ရမှာနော် ( ကိုယ်က လူများအကောင့်ကိုခိုးချင်ရင်လည်း ဒါတွေသိထားမှရမှာနော် ) အဲဒီလိုရိုက်ပြီးတာနဲ့ အောက်မှာ အဆင့် ၄ ဆင့်ရှိသေးတယ် အဲဒါတွေကိုကျော်လို့ရပါတယ် အောက်ကိုထပ်ပြီးဆင်းလိုက်ရင် Other account information ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ Account creation date ဆိုတဲ့နေရာမှာ အကောင့်စဖွင့်တုန်းက လ ရယ် ခုနှစ်ရယ်ကို ဖြည့်ရပါမယ် (တစ်ကယ်လို့ ကိုယ်က ကိုယ်စိတ်ဝင်စားတဲ့လူရဲ့အကောင့်ကိုခိုးချင်တယ်ဆိုရင်တော့ သူ့ကို နဂိုတည်းက ဒီအကောင့်ကိုစသုံးတာ ကြာပြီလား ဘယ်တုန်းက စသုံးတာလဲဆိုပြီး နဲနဲမသိမသာမေးထားသင့်တယ် ဟီး ကျွန်တော့်အကျင့်တွေပြောပြနေတာ ) ပြီးရင်အောက်မှာ Last successful login date ဆိုတာကိုတွေ့လိမ့်မယ် အဲဒါက အကောင့်ကိုနောက်ဆုံးသုံးခဲ့တဲ့နေ့ရက်ပါ အဲဒါက တော့လွယ်မယ်ထင်တယ်နော် အဲဒါလေးဖြည့်ပြီးရင်တော့ အောက်မှာ Last password you remember ဆိုတဲ့ စာတန်းလေးကိုတွေ့ရပါလိမ့်မယ် အဲဒါလေးကတော့ အကောင့်ကိုသုံးခဲ့တုန်းက မှတ်မိသမျှထဲက ပတ်ဝေါ တစ်ခုခု ပါ ဟိုအရင်တုန်းက သုံးနေတဲ့ ပတ်ဝေါဆိုရင်လည်းလက်ခံပေးပါတယ် အရေးကြီးတာက အဲဒီ ကိုယ်ထည့်တဲ့ပတ်ဝေါကို အကောင့်မှာ တစ်ခါတစ်လေသုံးဖူးရင်တောင်ရပါတယ် အဲဒါလေးကိုဘေးကဘောက်လေးထဲမှာဖြည့်ပေးလိုက်ပါ (မိန်းကလေးတွေက များသောအားဖြင့် သူတို့ရဲ့မွေးနေ့ဒိတ် ဒါမှမဟုတ် ဖုန်းနံပါတ်တွေကို ပတ်ဝေါအဖြစ်ထားတတ်ကြပါတယ် ) အဲဒါလေးကလည်း အကောင့်ကိုခိုးချင်တယ်ဆိုရင်တောင် အရေးကြီးတဲ့အချက်ထဲမှာထည့်ပြီးစဉ်းစားသင့်တယ်နော် ပြီးရင်တော့ အောက်ဆုံးမှာ Submit ဆိုတဲ့ခလုပ်ကိုပျော်ပျော်ကြီးနှိပ်လိုက်ပေတော့ ဘော်ဘော်တို့ရေ ပြီးရင်ကိုယ်ခုနဖြည့်ထားတဲ့ An email address we can use to contact you ဆိုတဲ့ ခေါင်းစဉ်မှာ ဖြည့်ထားတဲ့ မေလ်းကိုဖွင့်ပြီးထိုင်စောင့်နေပေတော့ ကိုယ့်ဆီကို သိပ်မကြာခင်အချိန်တွင်းမှာ အများဆုံးနာရီဝက်အတွင်းမှာ ဂူးဂဲကနေ အီးမေလ်းတစ်စောင်ပြန်ဝင်လာပါလိမ့်မယ် Subjcet က တော့
Re: [#????????] I can’t access my account ဆိုပြီးကိုယ့်ဆီကို အီးလ်မေး ပြန်ဝင်လာပါလိမ့်မယ် အဲဒီအီးလ်မေးလေး ကိုဖွင့်လိုက်ရင် ပထမဆုံး အကြောင်းမှာပဲ https://www.google.com/accounts/ForgotPasswd ဆိုတဲ့လင့်လေးကိုတွေ့ရပါလိမ့်မယ် ( အဲဒါလေးကိုမတွေ့ရင် တော့ လုံးဝမရပါဘူး ထပ်ပြီးမေးခွန်းတွေမှန်အောင်ကြိုးစားလိုက်ဦးပေါ့ )အဲဒါလေးကို ကလစ်ပေးလိုက်ရင် Password Assistance ဆိုတဲ့ခေါင်းစဉ်နဲ့ ဘောက်တစ်ခုကျလာပါလိမ့်မယ် အဲဒီဘောက်မှာ ကိုယ်ခုန ပတ်ဝေါလိုချင်တဲ့ အကောင့်ယူဇာနိမ်းကိုပြန်ရိုက်ပေးလိုက်ပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာနဲ့ ကုဒ်တွေပြန်ရိုက်ခိုင်းပါလိမ့်မယ် အဲဒါကိုပြန်ရိုက်ပေးလိုက်ပါ သူမြင်ရတဲ့အတိုင်း ပြန်ရိုက်ပေးလိုက်ပါ ပြီးရင် အဲဒါရိုက်ပြီးတာနဲ့ temporary question? ဆိုတာ ကျလာပါလိမ့်မယ် အဲဒီ temporary question? အောက်မှာတွေ့လား Change your password by sending an email to your secondary address အဲဒီလင့်လေး အဲဒါလေးကို ကလစ်ပေးလိုက်ရင် ခုန က ကိုယ်ဖွင့်လို့ရတဲ့ မေးလ်ထဲကို ဂူးဂဲကနေ နောက်ထပ်တစ်စောင်ထပ်ပြီးပို့ပေးပါလိမ့်မယ် .. အဲဒီမေလ်းကိုဖောက်ဖတ်လိုက်ပါ Google Password Assistance
ဆိုတဲ့ခေါင်းစဉ်နဲ့ ဝင်လာမှာပါ အဲဒီအောက်မှာလင့်လေးတစ်ခုပါ ပါတယ် အဲဒါလေးကို ကလစ်လိုက်တာနဲ့ ရပါပြီ…………