Thursday, September 6, 2012

Andriod ဖုန်းများအား Applications များထည့်သွင်းခြင်း


Andriod ဖုန်းတွေမှာ application တွေ ဂိမ်းတွေကို ဆိုင်တွေမှာ ပိုက်ဆံပေးပြီး ထည့်နေကြရပါတယ်။ တစ်ကယ်တော့ application တွေ၊ ဂိမ်းတွေ သွင်းတယ် ဆိုတာ မခက်ပါဘူး..၊ လက်ရှိ ဖုန်းလောကမှာ OS version သုံး ဖုန်းဖြစ်တဲ့ Andriod ဖုန်းတွေအတွက် Free application တွေက သန်းချီပြီးတော့တောင် ရှိပါတယ်။

 ဒုတိယအများဆုံးက iOS version သုံး ဖုန်းဖြစ်တဲ့ Apple ဖုန်းပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Windows နဲ့ Symbians ဖုန်းတွေက နောက်ကနေ လိုက်လျက်ရှိပါတယ်။ Andriod ဖုန်းတွေရဲ့ application file အမျိုးအစားက .apk ဖြစ်ပါတယ်။
Andriod ဖုန်းအတွက် application နဲ့ games များကို အောက်ပါ websites များမှာ အခမဲ့ရယူနိုင်ပါတယ်။
အထက်ပါ website များမှ သင် application file တစ်ခုကို computer မှ တစ်ဆင့် download ဆွဲပါ။ .apk နှင့် ဆုံးသော file ရရှိပါလိမ့်မည်။ ရရှိပါက computer မှ တစ်ဆင့် ဖုန်းရဲ့ SD Card ထဲကို ပြောင်းထည့်လိုက်ပါ။ (အဲဒီနေရာမှာ ကိုယ်ထည့်ထားတဲ့ နေရာကို မှတ်ထားဖို့လိုပါတယ်..၊ ဥပမာ SD Card ထဲက games folder ထဲမှာ ဆိုပါစို့..)
အရင်တစ်ခါမှ ဂိမ်းများ application များ မသွင်းခဲ့ဖူးပါက ဖုန်းထဲတွင် အောက်ပါအဆင့်ကို အရင်ဆုံး လုပ်ရန် လိုအပ်ပါသည်။
ဖုန်းထဲမှ Setting > Application > Unknown Sources ကို အမှန်ခြစ်ပေးရန် လိုအပ်ပါသည်။
ထို့နောက် ဖုန်းကိုဖွင့်ပြီး File Manager ကိုဖွင့်ပါ။ ပြီးနောက် မိမိ .apk ကို သိမ်းဆည်းခဲ့တဲ့ နေရာ (SD Card ထဲက games folder) ကို ဖွင့်လိုက်ပါ။ အဲဒီထဲမှာ မိမိထည့်ထားတဲ့.. application file ကို click လုပ်လိုက်ပါ။
Install လုပ်မှာလား ဆိုတဲ့ စာပေါ်လာပါလိမ့်မယ်။ Install ကို နှိပ်ပေးလိုက်ပါ။
ပြီးရင် Home ထဲကို ပြန်သွားကြည့်လိုက်ပါက သင့်ရဲ့ application လေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်.

No comments: