Saturday, August 18, 2012

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း…

၁၊   window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊   gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊   Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊   အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကိုသွားလိုက်ပါ။
၅၊   User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေး လိုက်ပါ။
၆၊   ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေး ကို double click ပေးပြီဝင်လိုက်ပါ။
၇၊   အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊  အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး ထပ်ပေါ်လာ ပါလိမ့်မယ်။
၉၊  အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

No comments: