Tuesday, August 14, 2012
မိမိဓါတ်ပုံတွေကို ဖက်လက်ဆောင်း သီချင်းတွေလိုမျိုး (Effect )တွေနဲ့လုပ်ကြည့်ရအောင်
အခုတင်ပြတဲ့နည်းလေးကတော့ မိမိကြိုက်တဲ့ ဓါတ်ပုံတွေ ဖက်လက်သီချင်းတွေ
အဖက်တွေနဲ့လုပ်တဲ့နည်းလေးပါ။
သိပြီးတဲ့တွေမပါဘူးနော်။
မသိသေးတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။
http://api.ning.com/files/Mx2j0wu6QpbeSnGp0n31vco-9Akg1zVLWVW*v2tABm*toEnzbpPw6ygNpdr7o3N2NFbsS3VAP*nAaHiheEG5DIDzDBpS*58J/01Dj053x9_d.gif
အပေါ်ဆုံးက မျှားပြထားတဲ့နေရာမှာ မိမိကြိုက်တဲ့ဒီဇိုင်းကိုရွေးလိုက်ပါနော်။
အောက်ကမျှားပြထားတနေရာက မိမိကြိုက်တဲ့ဓါတ်ပုံနဲ့မိမိကြိုက်တဲ့စားလုံးတွေ
အဖက်တွေထည့်တဲ့နေရာပါ။
Clear ကိုနှိပ်လိုက်ပါ။
UploadNew Photo ကိုနှိပ်ပြီး မိမိကွန်ပျူတာက ကြိုက်တဲ့ပုံတွေကို
ထည့်လိုက်ပါ။
ကျွန်တော်ကွန်ပျူတာက ကျွန်တော်ရဲ့အချောဆုံးပုံတွေထည့်လိုက်ပါတယ်။
You Message Here မှာမိမိကြိုက်တဲ့စာကိုရေးလိုက်ပါ။
ပြီးရင်း Preview ကိုနှိပ်လိုက်ပါ။
အဲလိုဆိုရင်းရပါပြီး။
အားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့ိပါတယ်။
အဆင်မပြေများဖြစ်ခဲ့ပါက
Monday, August 13, 2012
Sky Net Line ကြည့်ချင်သူများ အတွက်
ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/ ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို ညီလေးတစ်ယောက် စီကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ... ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ် .. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ် .. 
အရင်ဆုံး အောက်မှာ ပေးထားတဲ့ လင့်ကနေတစ်ဆင့် သွားလိုက်ပါ .. 
နောက်ထပ် ဆက်လုပ်ရမဲ့ အဆင့်လေးတွေကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
ဒီအောက်က အဆင့်က Chrome မှာတော့ လိုမှာ မဟုတ်ပါဘူး .. Firefox အသုံးပြုတဲ့ သူတွေ အတွက်တော့ Plugin တစ်ခု Install လုပ်ပေးဖို့ လိုပါတယ် ။။ Install Now ကိုနှိပ်လိုက်ပါ ..
Plugin ကို Install လုပ်နေတဲ့ အချိန်မှာ Firefox ကိုပိတ်ထား ဖို့ လိုပါတယ် .. မပိတ်ကသေးဘူး ဆိုရင်လည်း Finish မပေးခင် ပိတ်ပေးလိုက်ပါ ..
 အပေါ်က အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Sky Net Line ကို အလွယ်တကူ ကြည့်လို့ရအောင် အပေါ်မှာ ပေးထားတဲ့ Search Box မှာ Sky Net လို့ ရိုက်ရှာလိုက်ရင် အောက်မှာ ပြထားတဲ့ အတိုင်း ပေါ်လာပါလိမ့်မယ် .. ဒါဆိုရင် ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်က တိုက်ရိုက်လွင့်တဲ့ Sky Net ရဲ့ အစီအစဉ်တွေကို ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
USB BLOCK
သိပြီးသူများရှိပါတယ် အထွေအထူးမရှင်းပြတော့ဘူးနော်
USB လေးတွေ ကို ကာကွယ်တဲ့ ဆော့ ဝဲလ်လေးပါပဲ
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းလိုက်ပါ..
အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့်  ညီသူ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်..
G-talk နဲ့Mobile ဖုန်းခေါ်မယ်
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။
ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
ဖုန်းအလကားခေါ်ဖို့ မက်ဆေ့ပို့ဖို့ ချက်တက်ထိုင်လို့ရတဲ့ဆော့ဝဲလ်
Download Nimbuzz 2.2.1 Full (Mediafire)
ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ ဆီ ဖုန်းအလကားခေါ်မယ် မက်ဆေ့ ပို့လို့ရတယ် ချက်တင် လုပ်လို့ ရတဲ့ ဆော့ဝဲလ်လေးပါ ခင်ဗျ နောက်လုပ်နိုင်တာ အများကြီးကျန်ပါသေးတယ် ဒေါင်းထားလိုက်ပါဦး
ဆော့ ဝဲလ်လေးကို ဒေါင်းလိုက်ပါ
မြန်မာလိုတော့ ချက်လို့ မရဘူး ကျန်တာ အကုန်ရတယ်
ဆော့ဝဲလ်ကို အင်စတောလုပ်ပြီး ဆော့ဝဲလ်မှာသူ့ အကောင့် တစ်ခုဖွင့် ရမှာ
ဖြစ်ပါသည်..အဆင်ပြေကြပါစေ ..ဆန္ဒများစွာဖြင့်  ညီသူ
ဒေါင်းရန်.. ဒီမှာ ဆိုတဲ့ စာသားလေး ကို နှိပ်ပြီးဝင်ဒေါင်းလိုက်ပါ..
password ကို Hacker တွေ ရယူနိုင်ပုံ နှင့် ကာကွယ်နည်း
၁။  ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
               ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။  ။စကားဝှက်များရယူခြင်း ( Hack password)
                    စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်
အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack & 
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။
၃။  ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
                 မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack &  Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။
(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
  Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။  ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
                   ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။  ။အီးမေးလ်များမှရယူခြင်း (Phishing)
                  ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)
ဒါတွေကတော့မိမိpassword ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ ပါ။
ကဲဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလည်းဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။
၁။  ။တစ်ခါမှာမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ ရဲ့ ပက်ဝက်(password) ကိုယူမယ့် progrem ကိုသူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖက်လို့ကြည့်လို့ တော့ရပါတယ်။ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ၊link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။ဒါတွေက
Song+ Hack progrem(or) Movie+ hack progrem(or) Software+ Hack progrem တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့ လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်ပက်ဝက်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)
၂။  ။ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် rememver password နေရာကို
အမှန်မှတ်လေးတစ်ခါတစ်လေပျင်းလို့ပဲခြစ်မိတယ်ထားပါဦး အဲ့ဒိပက်ဝက်(password ) ကို
ကွန်ပျူတာကမှတ်သွားမှာပါ။နောက်ပြီး Mozila နဲ့ မေးလ်စစ်တဲ့အခါတွေ၊web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember ပက်ဝက်(password) တွေမလုပ်မိပါစေနဲ့ ။
၃။  ။Key Logger ဝင်မဝင်စစ်ပါ။
              ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မျာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးလို့ ပြောပါတော့။အဲ့တာတွေအားလုံးကိုလိုက်မှတ်နေမှာပါ။ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။ 
              Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။ Process
ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆို၇င်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
ရပါတယ်။ တွေ့ နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။  အဲ့ဒါဆိုရင်တော့
key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
process tag  ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
 Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ 
ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
မှားပြီးဖျက်မိတာတို့.f0rmat ချမိတာတို့ကို ပြန်ယူပေးသောဆာစ့်ဝဲလ်နဲ့...ကွန်နက်ရှင်အမြန်နှုန်းမြင့်ဆော့ဖ်ဝဲလ်
http://www.formatted-recovery.com/
သူရဲ့မှုရင်းလိပ်စာပါ......ဈေးကြီးပုံကတော့သွားကြည့်ကြည့်နော်...........
http://tunabox.net/(သို့)http://www.mediafire.com       မှာ..သူငယ်ချင်းတို့အဆင်ပြေပါစေဗျာ
နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့..........
format ချတဲ့ဆောစ့်ဝဲလ်ပါ...........တစ်ခါတစ်ခါ....
အကြောင်းမျိုးမျိုးကြောင့်မန်မိုရီကတ်ကို farmat လို့မရတဲအဖြစ်မျိုးရှိတတ်ပါတယ်.....
အဲဒီအခါဆို..အခုဆောစ့်ဝဲလ်ကတော်တော်အသုံးတည့်ပါတယ်...အသုံးလိုတဲ့သူငယ်ချင်းတွေအတွက်ပေါ့
http://www.sdcard.org    အဲကိုသွားပြီး...I accept လေးကိုကလစ်လိုက်ရင်ဒေါင်းလုပ်ရပါပြီ...
ဒါမှမဟုတ်.....ကျွန်တောင်တင်ထားပေးတဲ့လိပ်စာကနေဒေါင်းချင်ရင်လည်းရပါတယ်..
http://tunabox.net (သို့)http://www.mediafire.com  အဆင်ပြေပါစေဗျာ...
နောက်ထပ်မျှဝေချင်တဲ့ဆောစ့်ဝဲလ်ကတော့......Bluetoothဆောစ့်ဝဲလ်လေးပါ.....
ကျွန်တော်ရှာပြီးတင်ထားပေးတဲ့Bluetoothကတော်တော်လေးကောင်းပါတယ်.............လိုင်စင်ဘာရှင်းပေါ့..
အသုံးဝင်တာတွေပြောပြပါမယ်.....သူက..ကွန်ပျူတာကနေ...ဖုန်းရဲ့ ဖိုင်နေမန်ဂျာနေထဲကိုဝင်ပြီး....
သီချင်းတွေ....ကော်ပီလုပ်နိုင်.....ပို့နိုင်ပါတယ်......ဒါကအခြေခံပေါ့............
ကွန်ပျူတာမှာ......Bluetooth..driver မရှိခဲ့ရင်တော့ဝယ်ရမှာပေါ့..........
အခုကွန်ပျူတာတော်တော်များများတော့ပါကြပါတယ်...၀ယ်ရရင်လည်းဈေးဘယ်လောက်မှမ၇ှိပါဘူး
ကျွန်တော်တို့မှာအများဆုံး4500ပါ...၀ယ်မယ်ဆိုရင်...သူမှာဆီမှာပါလာတဲ့အခွေကိုအင်စတောမလုပ်ပါနဲ့...
သူက.....ဖုန်းနဲ့အဆက်သွယ်လုပ်ပြီးအင်တာနက်လည်းချိတ်လို့ရပါတယ်.....
နယ်စပ်တွေမှာဆို....Bluetoothစနစ်သုံးပြီးအင်တာနက်အသုံးပြုတာများပါတယ်.....
Bluetoothစနစ်ထဲမှာDial up connection..(115 Kb)ရယ်Local Area Connection(3 MB)ရယ်ပါတယ်.....
ဖုန်းမော်ဒယ်နိမ့်ရင်တော့..Dial up connection တစ်ခုထဲပေးပါတယ်..အမြန်နုန်းကတော့.....ဂျီတော့ကောင်းကောင်းသုံးနိုင်ပါတယ်
.မြန်မာပြည်မှာတော့အသုံးပြုရလားတော့မသိပါဘူး......ဒေါင်းချင်ရင်တော့ http://tunabox.net
ဝင်ပြီးဒေါင်းလို့ရပါတယ်...38 MB ရှိပါတယ်....စိတ်ဝင်စားရင်တော့ဒေါင်းကြပေါ့.....
နောက်ပြီးအင်တာနက်အမြန်နှုန်းမြင့်အောင်အထောက်ပံပေးနိုင်တဲ့ဆောစ်ဝဲလ်နဲ့မိတ်ဆက်ပေးချင်ပါတယ်....
ပထမတစ်ခုက...NetSpeeder_4.5_Build.rar(သို့)NetSpeeder_4.5_Build.rar
2.45MB...ရှိပါတယ်..အသုံးပြုနည်းကတော့....
Tweak Wizard ကလစ်လုပ်ပြီး...ကိုယ်သုံးနေတဲ့နက်အမျိုးစားကို ရွှေပြီး..Next လုပ်သွားရုံပါ.....အဆင်ပြေပါစေ
ဒုတိယတစ်ခုက Ashampoo_internet_accelerator_ပါ....သူက..8.99Mb..ရှိပါတယ်.....ဒေါင်းချင်ရင်တော့
.http://www.mediafire.com(သို့)http://tunabox.net/  အဆင်ပြေကျပါစေဗျာ..
အခုနောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်က...မိုးလေ၀သကြည့်တဲ့ဆောစ့်ဝဲလ်ပါ.....
ရာသီဥတုကို....5ရက်စာကြိုပြီးသိနိုင်ပါတယ်........အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာအသုံးပြုလို့ရပါတယ်.....
.တော်တော်မိုက်တယ်...စိတ်ဝင်စားမယ်ဆိုရင်ပေါ့.....
ဆိုဒ်လည်းဘယ်လောက်မှမရှိပါဘူ......7MB ထဲပါ....http://www.mediafire.com(သို့)http://tunabox.net/
အသုံးပြုနည်းမပြောတာက..တစ်ခါတည်းထည့်ထားပေးလို့ပါ...အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ
ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…
Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..
Worm
Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)
Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်... 
Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...
Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
Rcycler virus အား ရှင်းနည်း
မိမိရဲ့ ကွန်ပြူတာမှာ Recycler ဆိုတဲ့ Folder ကိုတွေ့ မြင်တတ်ရပါတယ်။ အလွယ်ပြောရရင်တော့ Delete လုပ်တဲ့ ဖိုင်တွေဟာက Recycle Bin ထဲမရောက်ပဲ သူ့ ထဲမှာ ရောက်နေတာ မျိုးပါ။ အဲဒီ Folder ကိုလည်းဖျတ်လို့ မရပါဘူး။
ဒီလို ဆက်လုပ်ဗျာ...။Unlocker ဆိုတဲ့ software ကိုအောက်မှာ download ချပြီး scan ပေးလိုက်ပါ။ ဖျက်လို့မရတဲ့ Folder ကို Right ကလစ်နှိပ်ပြီး Unlocker ဆိုတာကိုရွေးပေးပါ...။
ဒီမှာ  ဆော့ ဝဲလ် ဒေါင်းပါ..
ပုံမှာ ပြထားတဲ့အတိုင်း Delete ကိုရွေးပြီး OK ပေးလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ်။ အားလုံးပဲ Virus ရန်က ကင်းဝေးနိုင်ကြပါစေ...။
Recycle Virus ရှင်းနည်း...(၁)
Recycle Virus ကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ရှင်းရန်နည်းလမ်းလေးပါ...
ပထမအဆင့်အနေနဲ့
Ctrl + Alt + Del ကိုနှိပ်ပြီး Windows Task Manager ပြီးတဲ့အခါ Processes Tab ကိုသွားပါ။
CTFMON.EXE ရှာပြီး End Task လိုက်ပါ။ပြီးရင် Start Menu ထဲက CTFMON.EXE ကိုရှာပြီး ဖြတ်လိုက်ပါ။
ဒုတိယအဆင့် အနေနဲ့ကတော့
Run ကိုသွားပြီး cmd လိုရေးပြီး Enter ခေါက်လိုက်ပါ။အမဲရောင် Window တခုပေါ်လာပါလိမ့်မယ်။
ပြီးရင်အဲ့ဒီထဲမှာ ..
cd\ လို့ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a *.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
del autorun.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ cd recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ del *.* and confirm the deletion လို့ရေးပြီး Enter နှိပ်လိုက်ပါ။ cd\ လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ rmdir recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
အပေါ်ကအဆင့်တွေကို ကျော်သွားပြီးဆိုရင် Recycler Virus ကပျောက်သွားပါ့လိမ့်မယ်။
မှတ်ချက်၊ ၊ အပေါ်က Code တွေတခါရေးပြီး ရင် Enter တခါခေါက်ပါ။
  unlocker ကို နဲ့ အသုံးပြုနိုင်ပါတယ်...ခင်ဗျာ..
အားလုံး Virus ရန်မှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ...
RECYCLER Virus ရှင်းလင်းနည်း (၂)
ပထမအဆင့်အနေနဲ့
Folder Option ထဲက View မှာ အောက်မှာဖော်ပြထားတဲ့ Item တွေကို Uncheck ပေးထားလိုက်ပါ...။
>>display the contents of system folders
>>hide extensions for known file types
>>hide protected operating system files (Recommended)
ပြီးရင် Apply > Ok
ဗိုင်းရပ်စ်က Registry ထဲထိ ၀င်နေမယ်ဆိုရင်တော့ ကွန်ပြူတာ ပြန်ဖွင့်တိုင်းမှာ အသက်ပြန်ဝင်နေမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် Registry ထဲကိုဝင်ပြီး ပြင်ဖို့  လိုအပ်ပါတယ်...။ အဲဒါကြောင့်
>>Start>>Run>>regedit>>Enter
>>Registry Editor Box မှာ ဘယ်ဘက်မှာ HKEY_LOCAL_MACHINE>>SOFTWARE>>Microsoft>>Active Setup>>Installed Components
အထိရောက်အောင်သွားပြီးတော့ ဒီနာမည်နဲ့ folder ကို
 {08B0E5C0-4FCB-11CF-AAX5-90401C608512} ဖျက်ပစ်ပါ...။
နောက်တစ်ခုကတော့
>>Start>>Run>>msconfig>>Enter
System Configuration Utility  ဆိုတဲ့ box ပေါ်လာမှာဖြစ်ပါတယ်...။
အဲ့ဒီ့က startup tab မှာ RECYCLER.exe ကိုရှာပြီး အမှတ်ခြစ်ထားတာကို ...ဖြုတ်ပေးပါ...။ နောက်ပြီး
အဲ့ဒီ့ဖိုင် ရှိတဲ့ လမ်းကြောင်းကိုကြည့်ပြီး အပေါ်က Regedit Editor မှာသွားဖျက်ပေးပါ...
RECYCLE Virus ရှင်းလင်းနည်း...(၃)
Recycler.exe ဗိုင်းရပ်စ်ဟာ jwgjvsq.vmx လို့အမည်ပေးထားတဲ့ worm-type အမျိုးအစားဗိုင်းရပ်စ်   ဖြစ်ပါတယ်။ အထူးသဖြင့် USB/portable Drives တို့က ကူးစက်သလို Network ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်...။ ဖိုင်လ်ဒါနဲ့အတူ autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့် မယ်...။ ၎င်း folder များကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ...။ ၎င်း Recycler folder ကို ထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်...။ အဲဒီဒါဟာ ဗိုင်းရပ်စ်လား...၊ ဘယ်လိုကူးစက်   အောင်လုပ်ထားတယ်ဆိုတာ တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါဘူး...။ Anti-virus ဆော့ဖ်ဝဲလ် အများစုက ၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ...။ အနီးဆုံးတူတဲ့ ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA လို့တွေ့ရပါတယ်...။
အဲ့ဒါမျိုးတွေ စက်ထဲ ကူးစက်နေပြီဆိုရင်....
၁) စက်ကသိသာစွာ လေးလံနှေးကွေးသွားမှာပါ...။
၂) Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာများကိုလည်း ကူးစက်ပါတယ်...။
၃) USB များသို့ ကူးစက်ပါတယ်...။ USB Port မှာလာတပ်တဲ့ USB Drive, Flash Drives, portable external hard drives, mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်...။
ဘာတွေဖြစ်မလဲဆိုတော့ “Show Hidden Files and Folders” အလုပ်မလုပ်နိုင်တော့ပါ။ Tools/Folder Options/View (tab) က “Show hidden files and folders” ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ “Do Not Show Hidden Files and Folders” ပြန်ဖြစ်သွားပါလိမ့်မယ်...။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ...။
ကွန်ပျူတာမှာ ခုနကပြောတဲ့ Drives တပ်လိုက်တာနဲ့ autorun.inf ဖိုင်နဲ့ RECYCLER folder ကို တည်ဆောက်ပါလိမ့်မယ်...။ အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်က တခါတည်းပါသွားမှာပါ ...။
အဲ့ဒီအကောင် ၀င်ရောက်ပြီး အချိန်ကြာလာတာနဲ့ အမျှ network သုံးလို့မရတော့ပါဘူး...တစ်ချို့ဆို အင်တာနက် လိုင်းတွေနဲ့ Viurs နဲ့ဆိုင်တဲ့ Website တွေတောင် ၀င်လို့မရတော့ဘူးလို့ဆိုပါတယ်...။
Safe Mode ၀င်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart ပြန်ဖြစ်နေပါမယ်...။ဒါမှ မဟုတ် shutdown ဖြစ်သွားပါလိမ့်မယ်...။...... အဲဒီ့အကောင်ကိုဖြေရှင်းဖို့
အဆင့် (၁)
၁)“Fix Downadup.exe ”  တကယ်လို့ ဒေါင်းလို့မရရင်
၂)anti-Downadup-EN.zip
3) Process Explorer နဲ့ Autoruns လိုအပ်တဲ့ ဆော့ဖ်ဝဲတွေရပြီဆိုရင် ကွန်ပျူတာမှာ Network တွေဖြုတ်
ထားလိုက်ပါ...။ FixDownadup.exe ကို run ပါ...။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်...။ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါလိမ့်မယ်...။ ၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်...။ ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့ MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်...။ ကွန်ပျူတာကို Restart ပြန်လုပ်ပါ...။
အဆင့် (၂)
USB Device များမှ ဖယ်ထုတ်ခြင်း USBကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို သတ်ရပါအုံးမယ်...။ ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ...(F8)။  ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ...။ USB Port မှာ USB Device ကိုတပ်ပါ...။ ရဲရဲသာတပ်လိုက်ပါ...Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါဘူး...။ Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ...။ Autorun.inf ဖိုင် သို့မဟုတ် folder ကို Shirt +Delete နဲ့ဖျက်ပါ...။ RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။
အဆင့်(၃)
RECYCLER ကိုဖျက်ခြင်း
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER ဖိုလ်ဒါကို ဖျက်မရပါက ၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်...။ Desktop ပေါ်က Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ...။ ၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ...။ ပြီးတော့ External Drive ရှိရာသို့ ပြောင်းပြီး “Do not move files to the recycle bin” ကိုရွေးချယ်ပါ။ Apply. OK လုပ်ပါ...။ အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။
အဲ့ဒီ့နည်းတွေနဲ့မှ မရရင် Unlocker ကိုသုံးပြီး ဖျက်ပစ်ပါ...။
အဆင့် (၄ )
Registry  
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ...။ Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ...။ တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ...။ တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင် အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်...။ ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။ အားလုံးကို အဆင့်အတိုင်းသွားပါ...။ အရင်တင်ပေးတာတွေနဲ့လည်း စမ်းသပ်နိုင်ပါတယ်...ကဲ သူငယ်ချင်းတို့ Virus နှင့် နပန်းလုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ..... 
မိမိကွန်ပြူတာ Hang ဖြစ်နေခဲ့ ရင်
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။
1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။
2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။
3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။
4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။
6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။
7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။
8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။
10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process  တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
ကွန်ပြူတာအနက် ဖွင့် ဆိုချက်
           *Avast - Avast -* အခမဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဗ်ဝဲတခု ဖြစ်တယ်။
  • Basic Input/Output System (BIOS) - ကွန်ပျူတာ တလုံးရဲ့ ပထမဆုံးနဲ့ အတွင်းပိုင်း အကျဆုံး ဆော့ဗ်ဝဲ အဆင့် ဖြစ်တယ်။ BIOS က ကွန်ပျူတာ စဖွင့်ချိန်မှာ တောင်းလာတဲ့ စကားဝှက်တခုနဲ့ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ အဆင့်မြင့် ဦးစားပေးချက် အတော်များများကို သတ်မှတ်ပေးတယ်။
  • Blacklist - တားဆီး ပိတ်ပင်ခံရတဲ့အတွက် ဖွင့်လို့ မရအောင် ပိတ်ဆို့ခံထားရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေ ပါဝင်တဲ့ စာရင်း ဖြစ်တယ်။
  • Bluetooth - အတည်သတ်မှတ်ထားတဲ့ လက်ကိုင်ဖုန်းတွေထဲက ဒေတာတွေကို အနီးကပ် အကွာအဝေးကနေ လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှု တခု ဖြစ်တယ်။ Bluetooth ဟာ လှိုင်းတို ရေဒီယို ထုတ်လွှင့်တဲ့ စနစ်ကို အသုံးပြုထားတယ်။
  • Booting - ကွန်ပျူတာကို စတင် ဖွင့်လိုက်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • CCleaner - လတ်တလော သုံးစွဲနေတဲ့ ပရိုဂရမ်တွေနဲ့ Windows operating system ရဲ့ hard drive ထဲမှာ ချန်ထားခဲ့တဲ့ ယာယီဖိုင်တွေ အပါအဝင် အထိခိုက်မခံတဲ့ သဲလွန်စတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ အခမဲ့ ကိရိယာ တခု ဖြစ်တယ်။
  • CD Burner - CD အလွတ်တွေထဲမှာ ဒေတာ ရေးကူးပေးနိုင်တဲ့ ကွန်ပျူတာ CD-ROM drive တခု ဖြစ်တယ်။ DVD burnersတွေက DVD အလွတ်မှာ ရေးကူးပေးနိုင်တယ်။ CD-RW နဲ့ DVD-RW drives တွေက သတင်း အချက်အလက်တွေကို CD-RW (သို့) DVD-RW ဓါတ်ပြားတွေပေါ်မှာ တကြိမ်မက ပယ်ဖျက်ပြီး၊ ပြန်ရေးကူးပေးနိုင်တယ်။
  • Circumvention - ပိတ်ဆို့ခံရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို ကြည့်ရှုလို့ ရအောင် အင်တာနက် စစ်ထုတ်ပိတ်ပင်ရေး ကိရိယာတွေကို ပတ်ရှောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။
  • Clam Win - ဝင်းဒိုးအတွက် ပြုလုပ်ထားတဲ့ FOSS ဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ်တခု ဖြစ်တယ်။
  • Cobian Backup - Backup လုပ်ပေးတဲ့ FOSS ကိရိယာတခု ဖြစ်တယ်။ နောက်ဆုံးထုတ် Cobian ဗားရှင်းဟာ ကုဒ်ပိတ်ထားတဲ့ အခမဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗားရှင်းတွေကတော့ FOSS ဗားရှင်းအနေနဲ့ ထုတ်ဝေခဲ့တယ်။
  • Comodo Firewall - အခမဲ့ firewall ကိရိယာတခု ဖြစ်တယ်။
  • Cookie - သီးခြား ကွန်ရက် စာမျက်နှာ တခုခုရဲ့ အချက်အလက်တွေကို သိမ်းထားဖို့ (သို့) သင် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ခွဲခြားနိုင်ဖို့ browser ကနေ ကွန်ပျူတာထဲမှာ သိမ်းဆည်းလိုက်တဲ့ ဖိုင်ငယ် တခု ဖြစ်တယ်။
  • Digital signature - သီးခြားဖိုင် (သို့) သတင်းတို တခုခုကို ပေးပို့တဲ့သူ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြတဲ့ စာဝှက်စနစ်သုံး နည်းလမ်းတမျိုး ဖြစ်တယ်။
  • Domain name - ကွန်ရက် စာမျက်နှာ (သို့) အင်တာနက် ဝန်ဆောင်မှု တခုခုကို စာနာမည်နဲ့ ရေးသားရတဲ့ လိပ်စာ ဖြစ်တယ်။ ဥပမာ အားဖြင့် security.ngoinabox.org
  • Encryption - စကားဝှက် တခု (သို့) စာဝှက်စနစ်သုံး သော့တခုခု ရှိထားတဲ့ ပုဂ္ဂိုလ်ကသာ စာဝှက်ဖော်နိုင်၊ ဖတ်ရှုနိုင်အောင် ပါးနပ်တဲ့ သင်္ချာနည်းကို သုံးပြီး အချက်အလက်ကို စာဝှက်ပေးတဲ့နည်း (သို့) မွှေနှောက်တဲ့နည်း တမျိုး ဖြစ်တယ်။
  • Enigmail - စာဝှက်ထားပြီး ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ် ရေးထိုးထားတဲ့ အီးမေးလ်ကို ပေးပို့နိုင်၊ လက်ခံစေနိုင်တဲ့ Thunderbird အီးမေးလ် ပရိုဂရမ်ရဲ့ add-on တခု ဖြစ်တယ်။
  • Eraser - ကွန်ပျူတာထဲ (သို့) ဖြုတ်တပ်လို့ ရတဲ့ သိမ်းဆည်းရေး ကိရိယာထဲက သတင်း အချက်အလက်တွေကို လုံလုံခြုံခြုံ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Firefox - Microsoft Internet Explorer နဲ့ အပြိုင် ရေပမ်းစားနေတဲ့ FOSS Web browser တခု ဖြစ်တယ်။
  • Firewall - ရုံးတွင်းမှာ ရှိတဲ့ networks တွေနဲ့ အင်တာနက်ကတဆင့် စိတ်မချရတဲ့ ဆက်သွယ်မှုလိုင်းတွေ အကြားမှာ ကွန်ပျူတာကို အကာအကွယ် ပေးတဲ့ ကိရိယာတခု ဖြစ်တယ်။
  • Free and Open Source Software (FOSS) - Free and Open Source Software (FOSS) - ဒီဆော့ဗ်ဝဲ အုပ်စုကို အခမဲ့ ရရှိနိုင်ပြီး လူတဦးတယောက်က အတားအဆီး မရှိပဲ စမ်းသပ်နိုင်၊ ဝေမျှနိုင် (သို့) ပြင်ဆင်နိုင်တဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • Freeware - အခမဲ့ ဆော့ဗ်ဝဲတွေထဲမှာ ပါဝင်ပေမဲ့ သူ့ကို ဖန်တီးရေးဆွဲတဲ့ နေရာမှာ အသုံးပြုတဲ့ အရင်းအမြစ်ကုဒ်ကို တရားဝင် ကြည့်ရှုခွင့် မပေးတဲ့ (သို့) နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိတဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • GNU/Linux - Microsoft Windows နဲ့အပြိုင် ထုတ်လုပ်ထားတဲ့ FOSS operating system တမျိုး ဖြစ်တယ်။
  • Global Positioning System (GPS) - အာကာသမှာ အခြေစိုက်ပြီး တကမ္ဘာလုံးကို လှည့်ပတ် သွားလာနေတဲ့ ဂြိုဟ်တု စနစ် တခု ဖြစ်တယ်။ ကမ္ဘာ့ ရာသီဥတု အပါအ၀င်၊ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ အရာဝတ္ထု၊ ကမ္ဘာ့အပြင်ပက အဆီးအတားမဲ့ ကောင်းကင် မြင်ကွင်း အစရှိတဲ့ အရာတွေနဲ့ ပါတ်သက်တဲ့ တည်နေရာ၊ အချိန်၊ သတင်း အချက်အလက်တွေကို ပံ့ပိုးပေးတယ်။
  • Hacker - ဒီနေရာမှာ အထိခိုက်မခံတဲ့ အချက်အလက် (သို့) ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အန္တရာယ်ရှိ ကွန်ပျူတာ ရာဇဝတ်သား တဦးတယောက်ကို ဆိုလိုတယ်။
  • Internet Protocol address (IP address) ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါ သတ်မှတ်ပေးတဲ့ သီးခြား IP လိပ်စာတခု ဖြစ်တယ်။
  • Internet Service Provider (ISP) - အင်တာနက် စတင် ချိတ်ဆက်တဲ့အခါ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (သို့) အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံ အတော်များများမှာ ရှိတဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံအတွင်းမှာ ဖွင့်ထားတဲ့ ISP တွေကတဆင့် ပိတ်ဆို့တဲ့ ကိရိယာ၊ စောင့်ကြည့်ရေး ကိရိယာတွေကို အသုံးပြုပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။
  • Infrared Data Association (IrDA) - အနီအောက် ရောင်စဉ် အလင်းတန်းကို အသုံးပြုပြီး ဒေတာတွေကို အနီးကပ် လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်ရေး တမျိုး ဖြစ်တယ်။ ခေတ်သစ် ကိရိယာတွေမှာ IrDA နေရာကို Bluetooth က အစားထိုး နေရာယူလာတာ ဖြစ်တယ်။
  • Java Applications (Applets) - Operating Systems အတော်များများမှာ အသုံးပြုနိုင်တဲ့ ပရိုဂရမ်ငယ်လေးတွေ ဖြစ်တယ်။ သူတို့ကို ကွန်ရက် စာမျက်နှာတွေရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက် ကောင်းမွန်လာအောင် အသုံးပြုလေ့ ရှိကြတယ်။
  • Keylogger - ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်ခဲ့သမျှ ကီးတွေကို မှတ်သားပြီး အဲဒီ အချက်အလက်တွေကို တဖက်က လူဆီ ပေးပို့ပေးတဲ့ ထောက်လှမ်းရေး ဆော့ဗ်ဝဲ တမျိုး ဖြစ်တယ်။ Keylogger တွေကို အီးမေးလ်နဲ့ တခြား စကားဝှက်တွေ ခိုးယူရာမှာ အသုံးပြုလေ့ ရှိတယ်။
  • KeePass - အခမဲ့ဖြစ်ပြီး လုံခြုံမှုရှိတဲ့ စကားဝှက် ဒေတာဘေ့စ် တခု ဖြစ်တယ်။/li>
  • LiveCD - ကွန်ပျူတာထဲမှာ တခြား operating system ကို ယာယီ လည်ပတ်စေနိုင်တဲ့ CD တချပ် ဖြစ်တယ်။
  • Malware - viruses, spyware, Trojans တွေနဲ့ တခြား အလားတူ အန္တရာယ်ရှိတဲ့ ဆော့ဗ်ဝဲ အားလုံးကို ခြုံငုံထားတဲ့ အထွေထွေ ဝေါ်ဟာရတရပ် ဖြစ်တယ်။
  • Mnemonic device - ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်မိနိုင်အောင် ကူညီလုပ်ဆောင်ပေးတဲ့ ရိုးရိုး လှည့်ကွက် တမျိုး ဖြစ်တယ်။
  • NoScript - ကွန်ရက် စာမျက်နှာတွေပေါ်မှာ မသိကျွမ်းပဲ ကပ်ပါလာတတ်တဲ့ အန္တရာယ်ရှိ ပရိုဂရမ်တွေရဲ့ ရန်ကနေ အကာအကွယ် ပေးနိုင်တဲ့ Firefox browser ရဲ့ လုံခြုံရေး add-on တခု ဖြစ်တယ်။
  • Off the Record (OTR) - Pidgin လို့ ခေါ်တဲ့ လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ်အတွက် ထုတ်လုပ်ထားတဲ့ စာဝှက်စနစ် plugin တခု ဖြစ်တယ်။
  • Peacefire - ဒီအခမဲ့ ဝန်ဆောင်မှုကို မှတ်ပုံတင်ထားတဲ့ လူတိုင်းက အင်တာနက် စီစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုတဲ့ ရှောင်တိမ်းရေး proxy တွေ ပါရှိတဲ့ နောက်ဆုံးထွက် ဝန်ဆောင်မှု စာရင်းတခုကို အီးမေးလ်နဲ့ လစဉ် အခမဲ့ ရရှိကြတယ်။
  • Physical threat - ဒီနေရာမှာ၊ ကွန်ပျူတာ စက်ပစ္စည်းတွေကို တခြား သူတွေက ကိုယ်ထိလက်ရောက် ရယူမှု (သို့) ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ဖြစ်တဲ့ ကျိုးပဲ့ ပျက်စီးမှု၊ မတော်တဆမှုတွေ (သို့) သဘာဝ ဘေးအန္တရာယ်တွေကြောင့် အထိခိုက်မခံတဲ့ သတင်း အချက်အလက် အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ် တခုခုကို ဆိုလိုတယ်။
  • Pidgin - Off the Record (OTR) လို့ ခေါ်တဲ့ စာဝှက်စနစ်ပါ plugin တခုကို အသုံးပြုထားတဲ့ FOSS စာတိုပေးပို့ရေး ကိရိယာ တခု ဖြစ်တယ်။
  • Proxy - အင်တာနက် စိစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုနိုင်ပြီး အင်တာနက် ဆက်သွယ်ရေး တချို့ (သို့) အားလုံးကို လမ်းဖွင့်ပေးတဲ့ ကြားခံ ဝန်ဆောင်မှု တခု ဖြစ်တယ်။ proxy တခုကို လူအများက အသုံးပြုနိုင်တယ်၊ (သို့) သူ့ကို အသုံးပြုနိုင်ဖို့ username နဲ့ စကားဝှက်တခု ရှိထားဖို့ လိုတယ်။ တချို့ proxy တွေသာ လုံခြုံမှု ရှိကြတယ်။ ဆိုလိုတာက proxy ကို ဖြတ်ပြီး ကွန်ပျူတာနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြား ဆက်သွယ်ပေးတဲ့ သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးတဲ့ စာဝှက်စနစ်ကို အသုံးပြုကြတယ်။
  • Proprietary software - အရင်းအမြစ် ဆော့ဗ်ဝဲ (FOSS) နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒီလုပ်ငန်းသုံး ကိရိယာတွေကို အများအားဖြင့် အခကြေးငွေ ပေးပြီး ၀ယ်ယူလို့ ရတယ်။ ဒါပေမဲ့ လိုင်စင် လိုအပ်ချက် ကန့်သတ်ချက်တွေနဲ့ အခမဲ့ ဆော့ဗ်ဝဲ အဖြစ်လည်း ရယူ အသုံးပြုနိုင်တယ်။
  • RiseUp - Webmail ကတဆင့် ဖြစ်စေ (သို့) Mozilla Thunderbird လို အီးမေးလ် client တခုမှ ဖြစ်စေ လုံလုံခြုံခြုံ အသုံးပြုနိုင်အောင် တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထုတ်လုပ်ထားတဲ့ အီးမေးလ် ဝန်ဆောင်မှုတခု ဖြစ်တယ်။
  • Router - ကွန်ရက် ချိတ်ဆက်မှု ကိရိယာ အစိတ်အပိုင်း တခု ဖြစ်ပြီး အဲဒီကတဆင့် ကွန်ပျူတာတွေက ရုံးတွင်း networks တွေမှာ အချိတ်အဆက် လုပ်တာတို့၊ ရုံးတွင်း ကွန်ရက်အမျိုးမျိုးကနေ ပြင်ပ အင်တာနက် ချိတ်ဆက်တာတို့ လုပ်ဆောင်ပေးတယ်။ Switch တွေ၊ gateway တွေနဲ့ hubတွေဟာ အလားတူ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီး၊ ကြိုးမဲ့ထုတ်လွှင့်ချက်တွေကို သုံးစွဲနိုင်အောင် စနှစ်တကျ တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေမှာ အလားတူ လုပ်ဆောင်ပေးတယ်။
  • Secure password database - master password တခုထဲကိုပဲ အသုံးပြုပြီး စကားဝှက်တွေကို သိုလှောင် သိမ်းဆည်းပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Secure Sockets Layer (SSL) - ကွန်ပျူတာနဲ့ ကွန်ရက်စာမျက်နှာတချို့ အပါအဝင်၊ ကြည့်ရှုနေတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြားမှာ လုံခြုံမှု ရှိစေပြီး၊ စာဝှက်ထားပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်း တခု အဖြစ် ထိန်းကျောင်းပေးတဲ့ နည်းပညာ ဖြစ်တယ်။ ကွန်ရက်စာမျက်နှာ တခုကို SSL ကတဆင့် ဆက်သွယ်တဲ့အခါ ကွန်ရက် လိပ်စာဟာ HTTP အစား HTTPS နဲ့ စတင်လာမှာ ဖြစ်တယ်။။
  • Security certificate - ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို လုံခြုံမှု ရှိစေဖို့ စာဝှက်စနစ်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးတယောက် ဆိုနေသူဟာ အမှန်တကယ် စစ်မှန်ကြောင်း သက်သေပြနိုင်တဲ့ နည်းစနစ် တမျိုး ဖြစ်တယ်။ လုံခြုံရေး လက်မှတ်တခုကို သင့်ရဲ့ browser က စစ်မှန်ကြောင်း အတည်ပြုပေးနိုင်ဖို့ ဒစ်ဂျစ်တယ် လက်မှတ်တခုအတွက် စိတ်ချရတဲ့ အဖွဲ့အစည်း တခုခုဆီမှာ ဝန်ဆောင်ခ ပေးဆောင်ဖို့ လိုတယ်။ အဖိုးအခ ပေးဆောင်ရတဲ့အတွက် တချို့ စီမံခန့်ခွဲသူတွေက ငွေကြေးပေးဆောင်ဖို့ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ အခါအားလျော်စွာ မှန်မှန်ကန်ကန် ဝန်ဆောင်မှု ပေးတဲ့ ကွန်ရက် တခုခုကို ကြည့်ရှုတဲ့အခါမှာလည်း လုံခြုံရေး လက်မှတ် (security certificate) ချို့ယွင်းချက်တွေကို တွေ့ရတတ်တယ်။
  • Security policy - သင့် အဖွဲ့အစည်းက ခြိမ်းခြောက်မှု အမျိုးမျိုးဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်အောင် ရေးသားပြုစုထားတဲ့ မှတ်တမ်းမှတ်ရာ တခု ဖြစ်တယ်၊ အဲဒီအထဲမှာ လုံခြုံရေး ဆိုင်ရာ အမှုကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ အရေးယူ ဆောင်ရွက်နိုင်တဲ့ အချက်တွေ ပါဝင်တဲ့ စာရင်းတခု ပါရှိတယ်။
  • Security cable - လုံခြုံရေးအရ သော့ခတ်နိုင်တဲ့ ကေဘယ်ကြိုးတခု ဖြစ်ပြီး အိတ်ဆောင် ကွန်ပျူတာ (သို့) တခြား စက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြင်ပ hard drive တွေ၊ အချို့ စားပွဲတင် ကွန်ပျူတာတွေနဲ့တကွ စက်ပစ္စည်းတွေကို ယူဆောင်သွားလို့ မရအောင် နံရံတခုခု (သို့) စားပွဲတခုခုမှာ လုံလုံခြုံခြုံ တွဲခတ်ထားနိုင်တယ်။
  • Server - အမြဲတမ်း ဖွင့်ထားတဲ့ ကွန်ပျူတာ ဖြစ်ပြီး ကွန်ရက် စာမျက်နှာ တခုကို ထိန်းသိမ်းတာ (သို့) တခြား ကွန်ပျူတာတွေဆီ အီးမေးလ် ပေးပို့တာ (သို့) အီးမေးလ် လက်ခံတာ စတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ အင်တာနက်နဲ့ အမြဲ ချိတ်ဆက်ထားတယ်။
  • SIM card - သေးငယ်ပြီး သီးခြား လက်ကိုင်ဖုန်း ကုမ္ပဏီက ပေးတဲ့ ဝန်ဆောင်မှုကို သုံးစွဲနိုင်ဖို့ လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ ဖြုတ်တပ်လို့ ရတဲ့ ကဒ်လေးတခု ဖြစ်တယ်။ SIM ကဒ်တွေဟာ ဖုန်းနံပါတ်တွေ၊ သတင်းတို ပေးပို့ချက်တွေကိုလည်း သိမ်းဆည်းထားနိုင်တယ်။
  • Skype - အခမဲ့ Voice over IP (VoIP) ကိရိယာတခု ဖြစ်ပြီး တခြား Skype ကို အသုံးပြုတဲ့သူတွေနဲ့ အခမဲ့ စကားပြောနိုင်တယ်၊ တယ်လီဖုန်းတွေကိုလည်း အခကြေးငွေ ပေးပြီး စကားပြောဆိုနိုင်တယ်။ Skype ကို စီမံ ထိန်းသိမ်းတဲ့ ကုမ္ပဏီရဲ့ ကြော်ငြာချက်အရ တခြား Skype အသုံးပြုသူတွေရဲ့ စကားပြောဆိုချက်တွေကို စာဝှက် (encrypt) ပေးထားတယ်လို့ ဆိုပါတယ်။ သူဟာ ကုဒ်ပိတ်ထားတဲ့ ကိရိယာ တခု ဖြစ်တဲ့ အတွက် ဒီအဆို မှန် မမှန်ကိုတော့ သက်သေ မပြနိုင်ဘူး။ ဒါပေမဲ့ လူအများစုကတော့ ဒီအဆို မှန်ကန်နိုင်တယ်လို့ ဆိုကြတယ်။ Skype မှာလည်း စာတို ပေးပို့မှုစနစ်ကို ပံ့ပိုးထားတယ်။
  • Source code - ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူတွေက ရေးသားထားတာ ဖြစ်ပြီး၊ ဆော့ဗ်ဝဲကို အလုပ်လုပ်စေတဲ့ ပင်မကုဒ် ဖြစ်တယ်။ သတ်မှတ်ထားတဲ့ ကိရိယာ တခုခုရဲ့ ပင်မ (source) ကုဒ်က သူ့ရဲ့ အလုပ်လုပ်ပုံတွေနဲ့ လုံခြုံမှုရှိ မရှိ (သို့) အန္တရာယ်ရှိ မရှိ စတာတွေကို ဖော်ပြပေးတယ်။
  • Spybot - ကွန်ပျူတာကို ထောက်လှမ်းနေတဲ့ ဆော့ဗ်ဝဲ spyware တွေကို စကင်ဖတ် စစ်ဆေးတာ၊ ဖယ်ရှားတာ၊ ကာကွယ်တာတွေ လုပ်ပေးတဲ့ အခမဲ့တဲ့ anti-malware ကိရိယာတခု ဖြစ်တယ်။
  • Steganography - အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို မလိုအပ်ပဲ အာရုံစူးစိုက်မှု မဖြစ်ပေါ်စေအောင် တခြား အယောင်ဆောင်ပြီး ပုံဖျက်ပေးတဲ့ နည်းလမ်းတမျိုးမျိုးကို ဆိုလိုတယ်။
  • Swap file - ကွန်ပျူတာထဲမှာ စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ အခါအားလျော်စွာ သိမ်းဆည်းထားတဲ့၊ အရေးကြီးတဲ့ အချက်တွေလည်း ပါဝင်နိုင်တဲ့ ဖိုင်တခု ဖြစ်တယ်။
  • Thunderbird - Enigmail စာဝှက်စနစ် ဖြည့်စွက် ဆော့ဗ်ဝဲ အပါအဝင် လုံခြုံရေး အင်္ဂါရပ်တွေ အတော်များများ ပါရှိတဲ့ FOSS အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Tor - အင်တာနက် စီစစ်ဖြတ်တောက်မှုကို ပတ်ရှောင်နိုင်ပြီး ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အင်တာနက်လိုင်းကနေ စောင့်ကြည့်နေနိုင်တဲ့ တစုံတယောက်ကို သင် ရောက်ရှိနေတဲ့ နေရာနဲ့ ကြည့်ရှုတဲ့ ကွန်ရက် စာမျက်နှာတွေကိုပါ ပုံဖျက်ပေးပြီး ဝှက်ထားပေးနိုင်တဲ့ ကိရိယာ တမျိုး ဖြစ်တယ်။
  • TrueCrypt - အထိခိုက်မခံတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ FOSS ဖိုင် စာဝှက် ကိရိယာတခု ဖြစ်တယ်။
  • Undelete Plus - အမှတ်တမဲ့ ပယ်ဖျက်လိုက်တဲ့ သတင်း အချက်အလက်တွေကို ပြန်လည် ဆယ်တင်ပေးနိုင်တဲ့ အခမဲ့ ကိရိယာတခု ဖြစ်တယ်။
  • Uninterruptable Power Supply (UPS) - ဓါတ်အား ကုန်ခန်းတဲ့ အခြေအနေမျိုးမှာ အကြပ်အတည်း ဖြစ်နေတဲ့ ကွန်ပျူတာ စက်ပစ္စည်းကို ဆက်လက် အလုပ်လုပ်နိုင်အောင် (သို့) စနစ်တကျ စက်ပိတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့ ပစ္စည်းကိရိယာ တခု ဖြစ်တယ်။
  • VautletSuite 2 Go - အခမဲ့ စာဝှက်ပေးတဲ့ အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Voice over IP (VoIP) - အင်တာနက်ကို အသုံးပြုပြီး တခြား VoIP သုံးစွဲသူတွေနဲ့ တယ်လီဖုန်းတွေကို အသံနဲ့ ဆက်သွယ် စကားပြောစေနိုင်တဲ့ နည်းပညာ ဖြစ်တယ်။
  • Whitelist - တချို့ ကွန်ရက်စာမျက်နှာတွေကို အလိုအလျောက် ပိတ်ဆို့ခံနေရတဲ့ အချိန်မှာ ကြည့်ရှုခွင့် ပြုပေးထားတဲ့ ကွန်ရက် စာမျက်နှာတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာနတွေရဲ့ စာရင်းတခု ဖြစ်တယ်။
  • Wiping - အချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • Your-Freedom - သီးသန့် proxy တခု ကနေတဆင့် အင်တာနက် ချိတ်ဆက်ပြီး ပိတ်ပင် စစ်ထုတ်မှုကို ပတ်ရှောင်နိုင်တဲ့ အခမဲ့ ရှောင်တိမ်းရေး ကိရိယာ တခု ဖြစ်တယ်။ အကယ်လို့ Your-Freedom ကို ကောင်းကောင်း configure လုပ်ထားတယ် ဆိုရင် သင့်ရဲ့ connection ကို လုံလုံခြုံခြုံ ရှိစေဖို့ အဲဒီ proxies တွေက ဆက်သွယ်မှုလိုင်းကို စာဝှက်ပေးမှာ ဖြစ်တယ်။
  • ကိုဝင်းကမ္ဘာကျော်ဆိုဒ်မှ ပြန်လည်မျှဝေသည်..
မိမိ Gmail @ GTalk တခြားလူ သုံး မသုံး သိချင်လျှင်
မိမိ ဂျီမေလ်း ဂျီတော့ ကို မိမိ အပြင် တခြားလူ သုံးနေလား သိချင်လျှင်
မိမိ မေလ်း ကို ဖွင့် လိုက်ပါ မိမိ မေလ်း ကိုယ်ထည် အောက်ဆုံး ကို ရောက်အောင် သွားပါ
Details ဆိုတဲ့ စာလုံးကို ရှာပြီး နှိပ်လိုက်ပါ..ထိုနောက် အောက်ပါ ပုံလေးအတိုင်း ပေါ်လာမည်
အပုံလေး ကို ကြည့် လိုက်ပါ မိမိ နေထိုင်ရာ နိုင်ငံ နှင့် အချိန် အိုင်ပီ နံပါတ် တွေ ပါ တွေ့ ရမည်
မြန်မာပြည်က သုံးလျှင် မြန်မာပြည် လို့ ပါမည် ..တခြားနိုင်ငံ က သုံးထားလျှင် လဲ တွေ့ ရမည်..
မသိသေး တဲ့ သူများ အတွက် ရည် ရွယ်ပါသည် ..
* ကြယ်ပုံလေးနဲ့ ပြထားတာက လက်ရှိ အသုံးပြုနေတဲ့  နိုင်ငံနဲ့ အိုင်ပီ ပါ..
တခြား ဟာ တစ်ခုထပ်ပေါ်နေတယ် ဆိုရင် အိုင်ပီ နဲ့  နိုင်ငံကို သိချင်ရင်..
အိုင်ပီ နံပါတ်တွေ ကို ကော်ပီကူးပါ
http://www.ip2location.com/  ဒီလင့်ခ်မှာ သွားရောက်စစ်ဆေးနိုင်ပါသည်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် ဘလော့ ဂါ ညီသူ..
Andriod Version သုံး Tablet / Phone များတွင် မြန်မာစာ Fonts ထည့်သွင်းနည်း
ကျနော့မှာ Andriod Phone မရှိတဲ့ အတွက် ကိုယ်တိုင် နားလည်အောင် တဆင့်ချင်း ရှင်းမပြနိုင်ပါဘူး... ဒါပေမဲ့ ကျနော့ Blog လေးကို လာလည်ကြတဲ့ မိတ်ဆွေများ မရှိရမဖြစ်ရလေအောင် ရည်ရွယ်ပြီး Android ဖုံးကိုင်တဲ့ သူငယ်ချင်းများလဲ အဆင်ပြေအောင် တခြား ကျွမ်းကျင်တဲ့ Mobile နည်းပညာ ဆိုက်ဒ်တွေကနေ ပြန်လည် မျှဝေပေးဖူးပါတယ်... ဒါပေမဲ့ အဆင်မပြေကြသေးဟန်တူပါတယ် တနေ့ တနေ့ C-box မှာရော မေးလ်ထဲမှာရော ဒီ Android Phone အကြောင်းပဲ မေးနေကြပါတယ်  (ကျနော်တောင် Android Phone ကိုင်ချင်လာပြီ ဝယ်ရအောင်လည်း ပိုက်ပိုက်က မရှိ)  ဒါနဲ့ မနေသာတော့ပါဘူး အင်တာနက် ပဲ အားကိုးပြီး ရှာဖွေကြည့်တော့  PHYO Training Center  ကနေတွေ့လို့ ဒေါင်းယူရမဲ့ Software ရော မြန်မာ Font ထည့်သွင်းနည်း လေး တွေပါ ခိုးယူပြီး (အဲ) ကူးယူပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ် ဒီ ပို့စ် ပိုင်ရှင် ဖြစ်တဲ့ ကိုအောင်ပြည့်ဖြိုး ကိုလည်း ဒီနေရာကနေပဲ ခွင့်တောင်းလိုက်ပါတယ်...:)...
ကဲ သူငယ်ချင်းတို့ရေ... ဒါမှ အဆင်မပြေသေးရင် ဒီပို့စ် မှာ ဖတ်ပြီး သက်ဆိုင်ရာ ဂရု တွေဆီမှာ ဝင်ရောက် မေးမြန်း ဆွေးနွေးနိုင်ကြပါတယ် ...။ အားလုံး အဆင်ပြေကြပါစေ....:)
ဒီ အောက်မှာတင်ထားပေးတဲ့ Software လေးတွေကို အားလုံးဒေါင်းယူထားလိုက်ပါ ပြီးမှ ကိုယ့် ဖုံး Android Version နဲ့ ကိုက်ညီတဲ့ တခုခုကို သုံးပေါ့နော်....:)
 (မည်သည့် Version မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည်။မရသည်ဟူ၍ မရှိပါ။ မလုပ်တတ်၍သာဖြစ်ပါသည်)
မြန်မာ Fonts ထည့်သွင်းရန်အတွက် Application များ Download ရယူနိုင်ရန်။
---Busy box apk download....
Download
---Font Changer V3.0.1 apk download.....
Download
---Font Changer Lite V2.1.1 apk download.....
Download
---Z4root V1.3.0 apk download.....
Download
---Z4root V1.3.1 apk download.....
Download
---Zawgyi Myanmar Fonts download for andriod.....
(အမည်ပြောင်းထားပြီးသားဖြစ်ပါသည်)
Download
---Myan Driod Soft Keyboard apk download.....
Download
---Type Fresh V0.9.3.5 apk download.....
Download
Root လုပ်နည်း Zawgyi Font ထည့်သွင်းနည်း စာအုပ်လေးကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်....:)
ဒါကတော့ Android Phone တွေ အတွက်  Applications တွေပါ...။
Andriod အတွက် အခြား Applications များ Download ရယူနိုင်ရန်
---Adobe Reader apk download...
Download
---MX Video Player Pro 1.5 apk download...
Download
---MX Video Player 1.6 apk download...
Download
---MX Video Player အတွက် V5 CPU Code download....
Download
---MX Video Player အတွက် V6 CPU Code download...
Download
---Power DVD For Andriod apk download...
Download
အာလုံး အဆင်ပြေခဲ့ရင် ကျေးဇူးတင်စကားကို  ref: http://www.phyotc.com မှာသွားရောက်ပြောကြားလိုက်ပါနော်....:)
အဆင်ပြေကြပါစေ..မူရင်း ရေးသားသူများ ကို လေးစားလျက် ညီသူ
မိမိ ကွန်ပြူတာမှ ဖိုင်တွေကို မကြည့် စေချင်ရင် မဖျက်စေချင်ရင် ဒါလေးသုံး
မိမိရဲ့ ဖိုင်တွေကို မကြည့် စေချင်ရင် သို့မဟုတ် မဖျက်စေချင်ရင် ဒီဆော့(၀်) လေးကိုသုံးကြည့်ပါ။
ဒေါင်းပြီးရင် zip ဖိုင်ကိုဖြည်လိုက်ပါ။folder-protect-sw – 1.8.5 နှင့် License Key ထွက်လာပါမယ်။အရင်သွင်းလိုက်ပါ။ပြီးရင် buy ရယ် register ထွက်လာရင် register ကိုရွှေးပါ။License Key ကိုဖွင့်ပြီး Serial number & Activation key ကိုဖြည့်ပေးလိုက်ပါ။ submite ကိုနိုပ်လိုက်ပါ။အဲ့ဒါဆိုသုံးလို့ရပါပြီ ။ဖွင့်လိုက်ရင် password ပေးခိုင်းပါမယ်။မိမိပေးလိုတဲ့ password ကိုရိုက်ပါ။၂ ခါတောင်းပါမယ်။ပြီးရင် add ကနေ မိမိ ပိတ်လိုတဲ့ ဖိုင်ကိုရွှေးပေးပါ ။folder protect မှာ no access, no delete, no visible, no write ဆိုပြီး လေးမျိုးရွှေးလို့ရပါတယ်။ no access ဆိုဝင်ခွင့်မပေးပါဘူး။ စမ်းကြည့်မယ်ဆို အောက်မှာဒေါင်းလိုက်ပါ။
ဆော့ဝဲလ်ဒေါင်းရန်..  ဒီမှာ
အင်တာနက်လိုင်းမကောင်းတဲ့အချိန်vzo video chat ရုပ်ထွက်ကောင်းအောင်လုပ်နည်း
အင်တာနက်လိုင်း နှေးသောနေရာများတွင် VZO အသုံးပြုသူများအနေနဲ့ မိမိနှင့် Video Call Chat နေသော တစ်ဖက်လူ၏ မြင်ကွင်းကို ရှင်းလင်း ပြတ်သားစွာ မမြင်နိုင်ပဲ၊ ရုပ်ပုံများ တစ်ခုပီးတစ်ခု စက္ကန့်ပိုင်းစီလောက် ခြားပြီးမှ ပေါ်နေသကဲ့သို့၊ မြင်ရတတ်ပါသည်။ Settings menu မှ Network Setup သို့ဝင်ရောက်ပြီး၊ Bandwidth Control ကို အမြင့်ဆုံး maximum speed များသို့ ချိန်ညှိပေးခြင်းဖြင့်၊ မိမိနှင့် Video call chat နေသော တဖက်လူ၏ မြင်ကွင်းကို
အဆင်ပြေစွာ တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ အောက်တွင်ပြထားသော Video တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
Computer Driver Version ကိုကြည့်နည်း
ကိုယ့်ရဲ့စက်မှာ သုံးထားတဲ့ Driver Version တွေကို သိချင်တဲ့ သူများအတွက်ပါ ဒီနည်းဟာ ကိုယ့်စက်မှာ သုံးထားတဲ့ Driver တွေကို ဒေါင်းဖို့ နဲ့ Update လုပ်ဖို့ အတွက် အသုံးဝင်စေမှာပါ ..။
ကြည့်နည်းလေးကိုသိချင်ရင်တော့
1. Start က နေပီး Control Panel ကိုသွားလိုက်ပါ..။
2. Control Panel မှာတော့ Device Manager ကို ရှာရမှာပါ..။ Panel အတွင်းမှာတော့ ကိုယ့် ကြည့်တဲ့ View ပေါ်မူတည်ပီး ပုံစံ ပြောင်းလဲနေပါလိမ့်မယ် ...။ Device Manager ကို ရှာပါ..။
3. ပုံမှာလို Window ပွင့်လာပီဆိုရင်တော့ ကို ကြည့်ချင်တဲ့ Device ကိုရွေးလိုက်ပါ...။Properties ကိုသွားလိုက်ပါ...။
4.ပေါ်လာတဲ့ Window က Driver Tag မှာ Driver Version ကိုကြည့်နိုင်သလို Update လည်းလုပ်နိုင်ပါတယ် ..။
အားလုံး အဆင်ပြေကြပါစေ ....